Home
နိုင်ငံတကာ
အစ္စရေးအစိုးရအဖွဲ့ ဝန်ကြီး၏သား ဂါဇာတိုက်ပွဲတွင် ကျဆုံး
DVB
·
December 9, 2023
war world 9122023

အစ္စရေး စစ်ကာလ အရေးပေါ်အစိုးရအဖွဲ့ရဲ့ ၀န်ကြီး ဂါဒီ အိုက်ဇန်ကော့ထ်ရဲ့ သားဖြစ်သူဟာ ဂါဇာကမ်းမြှောင်က အစ္စရေး စစ်တပ်ရဲ့ တပ်ဖွဲ့တခုမှာ တာဝန်ထမ်းနေရင်း ကျဆုံးသွားပါတယ်။

ပါလက် စတိုင်းနယ်မြေအပြင်ဘက်က စစ်ဌာနချုပ်မှာ စစ်ဆင်ရေးအစီအစဉ်တွေ အကြောင်း ဆွေးနွေးနေတုန်း သားဖြစ်သူ ဂါဇာမြောက်ပိုင်းမှာ ဒီဇင်ဘာ ၇ ရက်က ကျဆုံးခဲ့ရတဲ့အကြောင်း အိုက်ဇန်ကော့တ်က သတင်းရခဲ့ပါတယ်။

၀န်ကြီး ဂါဒီ အိုက်ဇန်ကော့ထ်ရဲ့သား အသက် ၂၅ နှစ်အရွယ် ဂါမီယာ အိုက်ဇန်ကော့တ်ဟာ အရင်လက ဂါဇာကမ်းမြောင်ဒေသကို သိမ်းပိုက်ပြီးတဲ့နောက် အစ္စရေးတပ်ဖွဲ့ဝင်တွေက ဟားမတ်စ်တို့ရဲ့ ခြေကုပ် လက်တဆုပ်စာ ခရိုင်တွေကို တိုက်ခိုက်နေတဲ့ ဂါဇာ နယ်မြေမြောက်ပိုင်းက ကွန်မန်ဒိုတဦးလည်း ဖြစ်ပါတယ်။

ဂါဇာကမ်းမြောင်ဒေသရဲ့ အာဏာရ ပါလက်စတိုင်း အစ္စလာမ္မစ်အုပ်စု ဟားမတ်စ်ရဲ့ အောက်တိုဘာ ၇ ရက် နယ်စပ်ဖြတ်ကျော် သတ်ဖြတ်မှုနဲ့ ပြန်ပေးဆွဲမှုအပေါ် တုံ့ပြန်တဲ့အနေနဲ့ အစ္စရေးရဲ့ ထိုးစစ်အတွက် စုစည်းထားတဲ့ ထောင်ချီတဲ့ စစ်ဘက်ဆိုင်ရာ အရန်တပ်သားတွေထဲမှာ သူလည်း ပါဝင်ခဲ့တာပါ။

ဂါဒီ အိုက်ဇန်ကော့တ်က မျက်ရည်တွေ စီးကျရင်း "ထိုးစစ်ကို ဖိအားပေးရင်း၊ မင်းသိပ်ချစ်တဲ့နိုင်ငံကို အားကောင်းအောင်လုပ်ဖို့ ကတိပေးတယ်” လို့ ပြောခဲ့ပါတယ်။ 

ဗဟိုဝါဒီဝန်ကြီး ဘန်နီဂန့်ဇ်ကလည်း မြေပုံပေါ်က မြှားတွေဟာ ချစ်တဲ့ မိသားစုတွေရဲ့ နှလုံးသား ထဲက မြှားတွေ ဖြစ်လာနိုင်တယ်လို့  ရုပ်မြင်သံကြားကနေ ပြောတဲ့ ဂုဏ်ပြုစကားအတွင်း ပြောခဲ့ပါတယ်။

ဂယ်မီယာဟာ တယ်လ်အာဇာတာ ခရိုင်ထဲက ပြောက်ကျားဥမင်တခုတည်းမှာ ဗုံးတလုံး ပေါက်ကွဲတာကြောင့် သေဆုံးခဲ့တာလို့ ဟားမတ်စ်တွေက ပြောခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024