Home
မြန်မာသတင်း
ကျောက်မဲနှင့်  မန်တုံမြို့နယ်ရှိ တပ်စခန်း ၂ ခုကို TNLA သိမ်းပိုက်
DVB
·
December 9, 2023
Tnla 9122023

ရှမ်းပြည်နယ်မြောက်ပိုင်း၊ ကျောက်မဲနဲ့ မန်တုံမြို့နယ် တိုက်ပွဲတွေမှာ စစ်ကောင်စီရဲ့ တပ်စခန်း ၂ ခု သိမ်းပိုက်လိုက်ကြောင်း  တအာင်းတပ်မတော် (TNLA) က ထုတ်ပြန်ပါတယ်။ 

ဒီဇင်ဘာ ၇ ရက် နေ့လယ်လောက်က  တအာင်းတပ်မဟာ(၂)စစ်ဒေသ၊ ကျောက်မဲမြိုနယ် စစ်ကောင်စီ လယ်ကြီးတပ်စခန်းကို  TNLA နဲ့ မိုးကုတ်ဗျူဟာ PDF ပူးပေါင်းအဖွဲ့တို့က ပူးပေါင်း တိုက်ခိုက်သိမ်းပိုက်ခဲ့တာပါ။

အဲဒီစခန်းကနေ စစ်သုံ့ပန်း ၂ ဦး၊ ရဲ ၃ ဦးတို့ကို   60/80 MM လက်နက်ကြီးအပါအဝင်၊ လက်နက်ပေါင်း ၁၀ လက်နဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေကို ရှင်းလင်းသိမ်းဆည်းရမိခဲ့ကြောင်း TNLAက ဆိုပါတယ်။

ဒီဇင်ဘာ ၇ ရက်  ညနေ ၄ နာရီခွဲလောက်မှာ    မန်တုံမြိုနယ် စစ်ကောင်စီ ခိုမုန်း(မန်နား ) တပ်စခန်းကို   TNLA က ဝင်ရောက်ရှင်းလင်း သိမ်းပိုက်နိုင်ခဲ့တယ်လို့လည်း ထုတ်ပြန်ပါတယ်။

ရှမ်းပြည်မြောက်ပိုင်းမှာ ၁၀၂၇ စစ်ဆင်ရေး စတင်ခဲ့တဲ့အောက်တိုဘာ ၂၇ ရက်ကနေ ဒီဇင်ဘာ ၈ ရက်အထိ  တအာင်းတပ်မတော် TNLA အနေနဲ့   စစ်ကောင်စီ တပ်စခန်း  ၅၃ ခုကို  သိမ်းပိုက်ထားကြောင်း ထုတ်ပြန်ထားပါတယ်။ 

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024