နည်းပြကြီးရွိုင်းဟော့ဆန်က စံပြနည်းပြတစ်ဦးဖြစ်ကြောင်း လီဗာပူးနည်းပြ ယာဂန်က လော့ပ်က ချီးကျူးပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ဒီကနေ့ညနေပိုင်းမှာ ခရစ္စတယ်ပဲလေ့နဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး နည်းပြနှစ်ဦးက ထိပ်တိုက် တွေ့ဆုံကြမှာပါ။
အင်္ဂလန်နည်းပြကြီး ဟော့ဆန်ဟာ လက်ရှိအခြေအနေမှာ ထုတ်ပယ်ခံရဖို့ သတင်းထွက်နေပေမဲ့ သူ့ရဲ့ နည်းစနစ်နဲ့ နည်းဗျူဟာတွေက အတုယူ စံပြစရာဖြစ်တယ်လို့ ယာဂန်ကလော့ပ်က ချီးကျူးခဲ့တာပါ။
ရွိုင်းဟော့ဆန်ဟာ ဆွစ်ဇာလန်မှာကတည်းက ၄-၄-၂ ကစားပုံကို ပိုမိုကောင်းမွန်အောင် တည်ဆောက်ခဲ့သူ ဖြစ်ကြောင်း၊ ဆရာဟောင်း ဝုဖ်ဂမ်းဖရန့်ခ်က ဟော့ဆန်ရဲ့ ကစားကွက် တည်ဆောက်ပုံအကြောင်းတွေကို ဗီဒီယိုနဲ့ ပြသခဲ့တာတွေရှိပြီး အဲဒီအချိန်ကတည်းက လေးစားခဲ့တာဖြစ်ကြောင်း နည်းပြ ကလော့ပ်က ပြောပါတယ်။
နည်းပြဟော့ဆန်နဲ့ တွေ့ဆုံတိုင်း ဘာကြောင့် အသက် ၇၆ နှစ်အထိ နည်းပြလုပ်နေတာလဲလို့ မေးမြန်းလေ့ရှိပြီး အဲဒီမေးခွန်းအပေါ် အမြဲကျေနပ်နေသူဖြစ်ကြောင်း ကလော့ပ်က ဟော့ဆန်ကို ချီးကျူးသွားပါတယ်။
Photo-Reuters