ဂျပန်နိုင်ငံ မြောက်ပိုင်း ဟာကိုးဒါးတဲ ကမ်းရိုးတန်းမှာ ထောင်နဲ့ချီတဲ့ ငါးသေတွေ ဖုံးလွှမ်းနေတာကို မျက်မြင်သက်သေ တဦးက ဒရုန်းနဲ့ ရိုက်ကူးထားတဲ့ ဗီဒီယိုဖိုင်ကို ဒီဇင်ဘာ ၇ ရက်မှာ မြင်တွေ့ရပါတယ်။
တိုအိခရိုင် ဟာမားချိုရှိ ကမ်းခြေတခုမှာ ဆာဒင်းငါးတွေနဲ့ တခြားငါး အများအပြားကို တွေ့ရှိခဲ့ ကြောင်း ဟာကိုးဒါးတဲမြို့ တာဝန်ရှိသူတွေက ထုတ်ပြန်ချက်ထဲမှာ ပြောထားပါတယ်။
ငါးတွေ အစုလိုက်အပြုံလိုက် သေဆုံးရတဲ့ အကြောင်းရင်းကိုလည်း မသိရသေးကြောင်း ဆိုပါတယ်။
အဲဒီထုတ်ပြန်ချက်ထဲမှာ သေဆုံးနေတဲ့ ငါးတွေကိုလည်း အိမ်ကို သယ်မသွားကြဖို့ ဒေသခံတွေကို တိုက်တွန်းထားပါတယ်။
Source/Photo - Reuters