ပွဲကစားခွင့်ရဖို့က ဆန်ချိုအပေါ်မှာပဲ မူတည်ကြောင်း မန်ယူနည်းပြအဲရစ်တန်ဟတ်ဂ်က ပြောသွား ပါတယ်။
ဆန်ချိုဟာ လေ့ကျင့်ရေးကွင်းမှာ စွမ်းဆောင်ရည်မကောင်းတဲ့အခြေအနေကြောင့် နည်းပြ အဲရစ်တန်ဟတ်ဂ်က လူသိရှင်ကြားထုတ်ဖော်ပြောပြီးနောက် ဆိုရှယ်မီဒီယာကနေ ပြန်လည်ဖြေရှင်းခဲ့ တာပါ။
အဲဒီအပေါ်မှာ အသင်းတာဝန်ရှိသူတွေက လူစာရင်းကနေထုတ်ပယ်ခဲ့ပြီး ပွဲကစားခွင့်မရတာ ၃ လ ခွဲလောက် ကြာမြင့်တာပါ။
ဆန်ချိုအနေနဲ့ ပွဲကစားခွင့်ပြန်ရရှိဖို့ဆိုရင် ဘာလုပ်ရမလဲဆိုတာ သိရှိထားပြီး အသင်းလူစာရင်းမှာ ပြန်လည်ပါဝင်ဖို့က ဆန်ချိုအပေါ်မှာပဲ မူတည်ကြောင်း အဲရစ်တန်ဟတ်ဂ်က ပြောပါတယ်။
ကစားသမားတိုင်းက သတ်မှတ်ထားတဲ့ စံနူန်းအတိုင်း ကျင့်ကြံအားထုတ်ဖို့ဆိုတာ အသင်းတိုင်းရဲ့ ဓလေ့ထုံးစံပဲဖြစ်ကြောင်း နည်းပြတန်ဟတ်ဂ်က ပြောပါတယ်။
ဆန်ချိုအနေနဲ့ အသင်းနဲ့ နည်းပြအပေါ် တောင်းပန်ခြင်းမလုပ်ဘဲ ဆက်ပြီးခေါင်းခါနေမယ်ဆိုရင် ဇန်နဝါရီအပြောင်းအရွှေ့မှာ ထွက်ခွါသွားရဖို့ရှိပါတယ်။
Photo-Reuters