စပါးအသင်းခေါင်းဆောင် ဆွန်ဟောင်မင်ရဲ့ ဒဏ်ရာကို စစ်ဆေးဖို့ လိုအပ်ကြောင်း နည်းပြ ပို့စ်တီကို ဂလူက အတည်ပြုသွားပါတယ်။
ဆွန်ဟောင်မင်ဟာ ဝက်စ်ဟမ်းကို ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်မှာ နောက်ကျောဒဏ်ရာ ရရှိခဲ့ပြီး နာကျင်မှု ဝေဒနာခံစားခဲ့ရကြောင်း၊ ဒဏ်ရာအခြေအနေအသေးစိတ်ကို ဆေးစစ်ပြီးမှသာသိရှိ နိုင်ကြောင်း နည်းပြ ပို့စ်တီဂိုဂလူက ပြောပါတယ်။
စပါးအသင်းဟာ နောက်ဆုံး ၅ ပွဲမှာ ၄ ပွဲရှုံး၊ ၁ပွဲသရေ ရလဒ်နဲ့ နိုင်ပွဲပျောက်နေပြီး တနင်္ဂနွေနေ့မှာ နယူးကာဆယ်အသင်းနဲ့ ဆက်ကစားရမှာပါ။ အဲဒီပွဲစဉ်မှာ ဆွန်ဟောင်မင်ပါဝင်နိုင်မလားဆိုတာ စောင့်ကြည့်သွားရဖို့ရှိပြီး မက်ဒီဆန်၊ ဗန်ဒီဘန်နဲ့ ဘန်တန်ကာ တို့ကတော့ ၂၀၂၄ ခုနှစ်ရောက်မှ ပါဝင်ကစားနိုင်မှာဖြစ်ပါတယ်။
Photo-Reuters