ပေါ်တူဂီနဲ့ အယ်လ်နာဆာတိုက်စစ်မှူး စီရော်နယ်ဒိုဟာ ပရော်ဖက်ရှင်နယ်ပွဲ ၁၂၀၀ ပြည့်မြောက်တဲ့ ပွဲစဉ်မှာ သွင်းဂိုးတစ်ဂိုးရရှိခဲ့ပါတယ်။
ရော်နယ်ဒိုဟာ အယ်လ်နာဆာက အယ်ယ်ရီယက်ဒ်ကို ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့တဲ့ ဆော်ဒီလိဂ်ပွဲစဉ်မှာ ပရော်ဖက်ရှင်နယ်ပွဲပေါင်း ၁၂၀၀ ပြည့်ခဲ့တာဖြစ်ပြီး သွင်းဂိုး ၁ ဂိုးနဲ့ ဂိုးဖန်တီးမှု တစ်ကြိမ်ပါ ပြုလုပ်နိုင်ခဲ့တာပါ။
ပွဲပေါင်း ၁၂၀၀ ပြည့်မြောက်ဖို့ ကူညီပေးခဲ့ကြတဲ့ အသင်းဖော်တွေအားလုံးကို ကျေးဇူးတင်ရှိပြီး နောက်ထပ်ပွဲတွေဆက်ပြီးကစားဦးမှာဖြစ်ကြောင်း ရော်နယ်ဒိုက ပြောပါတယ်။
ဘောလုံးသမိုင်းမှာ ပွဲအများဆုံး ကစားထားတာက အင်္ဂလန်ဂိုးသမား ဟောင်း ပီတာရှီလ်တန်ဖြစ်ပြီး ၁၃၈၇ ပွဲ ကစားခဲ့တာပါ။
ရော်နယ်ဒိုဟာ ပွဲပေါင်း ၁၀၀၀ ပြည့်တဲ့ ပွဲကိုတော့ ဂျူဗင်တပ်မှာကစားစဉ်က မှတ်တမ်းတင်ခဲ့ပြီး သွင်းဂိုးတစ်ဂိုးသွင်းခဲ့ ပါသေးတယ်။
ရော်နယ်ဒိုဟာ ချန်ပီယံလိဂ်ပြိုင်ပွဲမှာတော့ ၁၈၃ ပွဲနဲ့ အများဆုံးစံချိန်တင်ထားပြီး နိုင်ငံတကာပွဲစဉ်မှာလည်း ပွဲပေါင်း ၂၀၀ ကျော်နဲ့ အများဆုံးအဖြစ် မှတ်တမ်းတင်ထားပါတယ်။
Photo-Reuters