Home
နိုင်ငံတကာ
ဗြိတိန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး နုတ်ထွက်
DVB
·
December 7, 2023
Robert Jenrick_07122023

ဗြိတိန်အစိုးရက ရဝမ်ဒါရွှေ့ပြောင်းနေထိုင်သူများ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို အကောင်အထည်ဖော်ဖို့ ရည်ရွယ်တဲ့ အရေးပေါ်ဥပဒေမူကြမ်းကို ထုတ်ပြန်ပြီးနောက်မှာ ဗြိတိန် လူဝင်မှုကြီးကြပ်ရေးဝန်ကြီး ရောဘတ်ဂျန်းရစ်ခ် ရာထူးကနေ နုတ်ထွက်ခဲ့ကြောင်း ပြည်ထဲရေးဝန်ကြီး ဂျိမ်းစ် ကလဲဗားလီးက ဒီဇင်ဘာ ၆ ရက်မှာ ပြောပါတယ်။

အဆိုပြုထားတဲ့ ရဝမ်ဒါဆိုင်ရာ ဥပဒေနဲ့ ပတ်သက်ပြီး ကလဲဗားလီးက ကြေညာချက် ထုတ်ပြန်ခဲ့တာကြောင့် မနှစ် အောက်တိုဘာလကတည်းက လူဝင်မှုကြီးကြပ်ရေးဝန်ကြီး အဖြစ် တာဝန်ယူခဲ့တဲ့ ဂျန်းရစ်ခ်ဟာ လွှတ်တော်ကို တက်ရောက်လာခြင်း မရှိပါဘူး။

ဥရောပ လူ့အခွင့်အရေးဥပဒေတွေကနေ ရွေးချယ်ဖို့ သူ့ရဲ့တောင်းဆိုချက်တွေကို ဝန်ကြီးချုပ် ရီရှီဆူးနတ်ခ်က ပယ်ချပြီးနောက် ဂျန်းရစ်ခ် နုတ်ထွက်ခဲ့တာဖြစ်ကြောင်း Times သတင်းစာက ဖော်ပြပါတယ်။

ဗြိတိန်ပြည်ထဲရေးဝန်ကြီး ဂျိမ်းစ်ကလဲဗားလီး ကတော့ ဒီဇင်ဘာ ၆ ရက်မှာ အစိုးရက ထုတ်ပြန်တဲ့ အရေးပေါ်ဥပဒေမူကြမ်းဟာ ဥပဒေနဲ့အညီ တရားမျှတပြီး မဖြစ်မနေ လိုအပ်တယ်လို့ ပြောကြားခဲ့ပြီး ရဝမ်ဒါ ရွှေ့ပြောင်းနေထိုင်သူတွေ နေရပ်ပြန်ပို့ရေး အစီအစဉ်ကို နောက်ဆုံးမှာ အကောင်အထည်ဖော်ဖို့ ခွင့်ပြုလိမ့်မယ်လို့ မျှော်လင့်ထားပါတယ်။

ဒီအစီအစဉ်အရ လူတွေဟာ သူတို့ ဒီမှာနေလို့ မရတော့ဘဲ အဖမ်းဆီးခံရနိုင်ပြီး ဘေးကင်းလုံခြုံတဲ့ တတိယနိုင်ငံကို အမြန်ပြန်ပို့ဆောင်ခံရမယ်ဆိုတာကို သိသွားတဲ့အခါမှသာ တရားမဝင် လာရောက်နေတာတွေ ရပ်တန့်သွားမှာဖြစ်တယ်လို့ ဗြိတိန်ပြည်ထဲရေးဝန်ကြီး ကလဲဗားလီးက ဆိုပါတယ်။

ဗြိတိန်ဟာ ရဝမ်ဒါနဲ့ ဒီဇင်ဘာ ၅ ရက်မှာ စာချုပ်အသစ်ကို လက်မှတ်ရေးထိုးခဲ့ပြီး ခိုလှုံခွင့်တောင်းခံသူတွေကို အရှေ့အာဖရိကနိုင်ငံကို ပြည်နှင်ဒဏ်ပေးမယ့် အစီအစဉ်ကို ပိတ်ပင်ထားတဲ့ တရားရုံးရဲ့ဆုံးဖြတ်ချက်ကို ကျော်လွှားနိုင်မယ်လို့ ဆိုပါတယ်။

ရဝမ်ဒါ အစီအစဥ်ဟာ တရားမဝင် ရွှေ့ပြောင်းနေထိုင်မှုကို ရပ်တန့်ပစ်ဖို့ အစိုးရရဲ့ မဟာဗျူဟာမှာ အချက်အချာကျပြီး တခြားနိုင်ငံတွေကလည်း အလားတူ မူဝါဒတွေကို ချမှတ်ကြဖို့ အနီးကပ် စောင့်ကြည့်နေကြပါတယ်။

ဒါပေမဲ့ ဒီအစီအစဉ်ဟာ ပြည်တွင်းဥပဒေတွေမှာ ပြဋ္ဌာန်းထားတဲ့ နိုင်ငံတကာ လူ့အခွင့်အရေး ဥပဒေတွေကို ချိုးဖောက်သလို ဖြစ်လိမ့်မယ်လို့ ဗြိတိန်တရားရုံးချုပ်က ပြီးခဲ့တဲ့လတုန်းက ဆုံးဖြတ်ခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024