ပါကစ္စတန်နိုင်ငံရဲ့ အကြီးဆုံးမြို့ ကရာချိမှာ ဒီဇင်ဘာ ၆ ရက်က စီးပွားရေးလုပ်ငန်း၊ ရုံးခန်းတွေနဲ့ လူနေအိမ်ခန်းတွေ ပါဝင်တဲ့ အထပ်မြင့်အဆောက်အဦတလုံးမှာ မီးလောင်ပြီးနောက် အနည်းဆုံး လူ ၃ ဦး သေဆုံးခဲ့ကြောင်း ကယ်ဆယ်ရေး တာဝန်ရှိသူတွေက ပြောပါတယ်။
အိုင်းရှားမန်းဇေလ် ရပ်ကွက်ရှိ အာရှီးဈေးဝယ်စင်တာမှာ မီးလောင်ခဲ့တာမှာ မီးငြှိမ်းသတ်ပြီးနောက်ပိုင်း ရှာဖွေမှုအတွင်း သေဆုံးသူ ၃ ဦးရဲ့ အလောင်းတွေကို တွေ့ရှိခဲ့ပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ ကယ်ဆယ်ရေးတာဝန်ရှိသူ မိုဟာမက်ဝါဆီးမ်က ပြောပါတယ်။
မြေညီထပ်ကနေ စတင်လောင်ကျွမ်းခဲ့တဲ့မီးကို အချိန်ကြာမြင့်စွာ ကြိုးပမ်း ငြှိမ်းသတ်ခဲ့ပြီးနောက်မှာတော့ ထိန်းချုပ်နိုင်ခဲ့ပါတယ်။
ဒါပေမဲ့လည်း နောက်ပိုင်း ပြန်လည်ထူထောင်ရေး လုပ်ငန်းစဉ်အတွင်း အဆောက်အအုံထဲမှာ လူအသေအပျောက် ၃ ဦးကို တွေ့ရှိခဲ့ပြီး သူတို့ရဲ့ ရုပ်အလောင်းတွေကို ဆေးရုံ ရေခဲတိုက်ကို ပို့ဆောင်ခဲ့ပါတယ်။
မီးလောင်ရတဲ့ အကြောင်းရင်းကို အတိအကျ မသိရသေးတာကြောင့် ဆင်းန်ပြည်နယ် ဝန်ကြီးချုပ်ဖြစ် မာ့ခ်ဘူးလ်ဘာကာက ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး တရားဝင် စုံစမ်းစစ်ဆေးဖို့ အမိန့်ပေးခဲ့ပါတယ်။
ပြီးခဲ့တဲ့လကလည်း ကရာချိမြို့တော်မှာပဲ ရှော့ပင်းမောလ်တခု မီးလောင်မှုကြောင့် လူ ၁၁ ဦး သေဆုံးခဲ့ပါသေးတယ်။
Source/Photo-Reuters