အာရပ်စော်ဘွားများပြည်ထောင်စု (ယူအေအီး) နိုင်ငံဟာ ရုရှားနိုင်ငံရဲ့ အကြီးဆုံး အာရပ် ရင်းနှီးမြှုပ်နှံသူဖြစ်ပြီး ပင်လယ်ကွေ့ဒေသမှာတော့ ရုရှားရဲ့ အကြီးဆုံးကုန်သွယ်ဘက် ဖြစ်တယ်လို့ ယူအေအီးသမ္မတ ဘင်ဇာယဒ်အယ်လ်နာယန်က ရုရှားသမ္မတ ဗလာဒီမာပူတင်နဲ့ တွေ့ချိန်မှာ ဒီဇင်ဘာ ၆ ရက်က ပြောပါတယ်။
အဘူဒါဘီမြို့မှာ တွေ့ဆုံချိန် ဘင်ဇာယဒ်က သူ့နိုင်ငံဟာ အထူးသဖြင့် “ဆန်းသစ်တီထွင်မှု၊ စွမ်းအင်၊ အခြေခံအဆောက်အအုံနဲ့ နည်းပညာသစ်တွေ အပါအဝင် နယ်ပယ်တွေမှာ ရုရှားနဲ့ ပူးပေါင်းဆောင်ရွက်မှုကို တိုးချဲ့ဖို့ မျှော်လင့်ထားတယ်လို့ ပြောပါတယ်။
ရုရှားနဲ့ ယူအေအီးတို့ဟာ ကမ္ဘာ့ရေနံ ၄၀ ရာခိုင်နှုန်းကျော်ကို ထုတ်ယူနေတဲ့ OPEC+ အဖွဲ့ရဲ့ တစိတ်တပိုင်းအဖြစ် ပူးပေါင်းဆောင်ရွက်ခဲ့တယ်လို့ ပူတင်ကပြောပြီး အစ္စရေး-ဟားမတ်စ် ပဋိပက္ခနဲ့ ယူကရိန်းအရေးတို့ကို ဆွေးနွေးမယ်လို့ ပူတင်က ပြောခဲ့ပါတယ်။
ရုရှားနဲ့ အာရပ်စော်ဘွားများပြည်ထောင်စုကြား ဆက်ဆံရေးက မကြုံစဘူး မြင့်မားလာတယ်လို့လည်း ပူတင်က ဘင်ဇာယဒ်ကို ပြောပါတယ်။
ဖမ်းဝရမ်းထုတ်ခံထားရတဲ့ ပူတင်ဟာ ရှားရှားပါးပါး နိုင်ငံခြားခရီးအနေနဲ့ ယူအေအီးနဲ့ ဆော်ဒီအာရေဗျနိုင်ငံတို့ကို သွားခဲ့တာဖြစ်ပြီး ဆော်ဒီအိမ်ရှေ့မင်းသား မိုဟာမက်ဘင်ဆယ်လ်မန်နဲ့လည်း တွေ့ဆုံဆွေးနွေးမယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
Source/Photo-Reuters