Home
အားကစား
အိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်၌ အခွင့်အရေးမရခဲ့သဖြင့် မအောင်မြင်ခဲ့ဟုဆို 
DVB
·
December 7, 2023
Martin Odegaard's_07122023

ကွင်းလယ်ကစားသမားအိုဒီဂတ်ဟာ ရီးရဲလ်မက်ဒရစ်အသင်းမှာ အခွင့်အရေးမရခဲ့တာကြောင့် အောင်မြင်မှု မရခဲ့တာဖြစ်ကြောင်း အာဆင်နယ်ဒါရိုက်တာ အီဒူးက ပြောပါတယ်။

နော်ဝေ ကွင်းလယ် ကစားသမားဟာ အသက် ၁၆ နှစ်ကတည်းက ရီးရဲလ်မက်ဒရစ်ဆီ ပြောင်းရွှေ့ခဲ့သူဖြစ်ပြီး အငှားထွက်ကစားခဲ့ရတာက ပိုများခဲ့တာပါ။

၂၀၂၁ ခုနှစ် ဇန်နဝါရီ အပြောင်းအရွှေ့မှာ အာဆင်နယ်ဆီ အငှားလာရောက်ကစားခဲ့ပြီး နောက်ရာသီမှာ အာဆင်နယ်က ပေါင်သန်း ၃၀ ကျော်နဲ့ အပြီးသတ်ခေါ်ယူခဲ့တာပါ။

အာဆင်နယ်အသင်းရဲ့ မူဝါဒက လူငယ်တွေကို စိတ်ရှည်ရှည်ထားပြီး အခွင့်အရေးပေးတာဖြစ်လို့ အိုဒီဂတ်ကိုလည်း အလားတူ လုပ်ဆောင်ခဲ့လို့ အောင်မြင်ခဲ့တာဖြစ်ကြောင်း အီဒူးက ပြောပါတယ်။

တခြားအသင်းတွေမှာတော့ စိတ်ရှည်ပေးမှုနဲ့  အခွင့်အရေးမရခဲ့လို့သာ အိုဒီဂတ်အနေနဲ့ အောင်မြင်သင့် သလောက် မအောင်မြင်ခဲ့တာဖြစ်ကြောင်း အီဒူးက ပြောသွားပါတယ်။ 

Photo-Reuters

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013