အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေရဲ့ စိတ်ဝင်စားမှုခံရတဲ့အပေါ် ပျော်ရွှင်မိကြောင်း ဗီလာ ကွင်းလယ်လူ ဒေါက်ဂလပ်လူးဝစ်က ပြောပါတယ်။
ဘရာဇီးလက်ရွေးစင်ကစားသမားဟာ အက်စတန်ဗီလာမှာ ခြေစွမ်းပြနေတာကြောင့် အာဆင်နယ်နဲ့ လီဗာပူးအသင်းတွေက ခေါ်ယူဖို့ စောင့်ကြည့်နေကြတာပါ။
စကိုင်းစပေါ့နဲ့ အင်တာဗျူးတစ်ခုမှာ အပြောင်းအရွှေ့သတင်းတွေနဲ့ ပတ်သက်လို့ လူးဝစ်က ပြန်လည်ဖြေကြားခဲ့ပြီး အသင်းကြီးနှစ်သင်းရဲ့ စိတ်ဝင်စားခံရတာက ပျော်ရွှင်စရာဖြစ်ကြောင်း ပြန်လည်ဖြေကြားခဲ့တာပါ။
ဒါပေမဲ့ ဗီလာအသင်းအပေါ်မှာပဲ အပြည့်အဝအာရုံ စိုက်ထားပြီး အပြောင်းအရွှေ့ကိစ္စတွေအပေါ် အများကြီးမတွေးချင်ကြောင်း လူးဝစ်က ပြောပါတယ်။
အသက် ၂၅ နှစ်ရှိ ကွင်းလယ်ကစားသမားဟာ အခုနှစ်ပရီးမီးယားလိဂ်မှာ ၁၄ ပွဲ ကစားအပြီး ၅ ဂိုး သွင်း ၂ ကြိမ်ဂိုးဖန်တီးထားပါတယ်။
Photo-Reuters