ပခုံးဒဏ်ရာခွဲစိတ်ကုသရမယ့် နယူးကာဆယ် ဂိုးသမားနစ်ပုတ်ဟာ ၄ လကြာ အနားယူရတော့မှာ ဖြစ်ပါတယ်။
အင်္ဂလန်ဂိုးသမားဟာ မန်ယူအသင်းကို တစ်ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တဲ့ပွဲမှာ ပခုံးဒဏ်ရာ ရရှိခဲ့ပြီး အရိုးကျိုးခဲ့တာကြောင့် ခွဲစိတ်ကုသဖို့ ဖြစ်လာခဲ့တာပါ။
နစ်ပုတ်ရဲ့ဒဏ်ရာကို ခွဲစိတ်ကုသသွားရမှာဖြစ်ပြီး ၄ လကြာ အနားယူရလိမ့်မယ်လို့ ထင်ကြောင်း နယူးကာဆယ်နည်းပြ အက်ဒီဟောက်က အတည်ပြုပါတယ်။
နစ်ပုတ် ကာလရှည်အနားယူရမှာဖြစ်တဲ့အတွက် အသင်းလက်မဲ့ဖြစ်နေတဲ့ ဂိုးသမားဒီဂီယာကို ခေါ်ယူနိုင်ခြေနဲ့ပတ်သက်ပြီး မေးမြန်းရာမှာတော့ လက်ရှိဂိုးသမား ဒူဗရက်ကာ အပေါ် ယုံကြည်မှုရှိကြောင်း နည်းပြ အက်ဒီဟောက်က ပြောပါတယ်။
ဒါ့အပြင် လီဗာပူး ဂိုးသမားဟောင်း ကားရီးယက်စ်ဟာလည်း အသင်းမှာ အရန်သင့် ရှိနေဆဲ ဖြစ်ပါတယ်။
Photo-Reuters