ဗြိတိန်နိုင်ငံ မြို့တော်လန်ဒန်မှာ ပစ်ခတ်မှုတခုအတွင်း အမျိုးသမီးတဦး သေဆုံးပြီး တခြား ၂ ဦး ဒဏ်ရာရရှိသွားပြီးနောက် ဒီဇင်ဘာ ၆ ရက်မှာ လူသတ်မှု စုံစမ်းစစ်ဆေးရေး လုပ်ဆောင်နေတယ်လို့ လန်ဒန်ရဲတပ်ဖွဲ့က ပြောပါတယ်။
ဒီဇင်ဘာ ၅ ရက် ညပိုင်းက လန်ဒန်မြို့တော် ဟက်ခ်နီမြို့လေးရှိ လူနေရပ်ကွက် အပြင်ဘက်မှာ သေနတ်နဲ့ ပစ်ခတ်ခံရသူ ၃ ဦးကို တွေ့ရှိခဲ့တဲ့ အခင်းဖြစ်ပွားရာနေရာကို ရဲတပ်ဖွဲ့ဝင်တွေ ရောက်ရှိနေခဲ့ပါတယ်။
ပစ်ခတ်ခံရမှုကြောင့် အမျိုးသမီးတဦး သေဆုံးပြီး တခြားသူ ၂ ဦးဖြစ်တဲ့ အသက် ၂၀ အရွယ်နဲ့ ၁၆ နှစ်အရွယ် ယောက်ျားလေးနှစ်ဦးကိုတော့ ဆေးရုံကို ပို့ဆောင်ထားပြီး သူတို့ရဲ့ အခြေအနေတွေကို အကဲဖြတ်နေကြောင်း ရဲတပ်ဖွဲ့က ပြောပါတယ်။
ဗြိတိန်မှာ သေနတ်ပစ်ခတ် အကြမ်းဖက်မှုက ရှားရှားပါးပါးဖြစ်ပြီး တင်းကျပ်တဲ့ သေနတ်ထိန်းချုပ်ရေး ဥပဒေတွေ ရှိထားပါတယ်။
Source/Photo-Reuters