နေပြည်တော်ရှိ စက်သုံးဆီအရောင်းဆိုင်အများစု ဆီပြတ်သွားပြီး ဒီဇင်ဘာ ၆ ရက် ဒီနေ့ မနက်ပိုင်းကစလို့ လောင်စာဆီရောင်းချမှု ရပ်နားထားတယ်လို့ ဒေသခံတွေထံက သိရပါတယ်။
DENKO စက်သုံးဆီအရောင်းဆိုင် တခုတည်းမှာသာ စက်သုံးဆီ လာရောက်ဝယ်ယူတဲ့ ကားတွေ စုပြုံတန်းစီနေတယ်လို့ ဒေသခံတွေဆီကနေ သိရပါတယ်။
ဒီဇင်ဘာ ၅ ရက်က စစ်ကောင်စီ ဗဟိုဘဏ်ကနေ ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်း သတ်မှတ်ချက်ကို ပယ်ဖျက်ကာ ပြင်ပပေါက်ဈေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုတဲ့ သတင်း ထွက်လာပြီးနောက် စက်သုံးဆီဈေးနဲ့ ဒေါ်လာဈေးတွေ မြင့်တက်လာပါတယ်။
ဒါ့အပြင် သီလဝါဆိပ်ကမ်းမှာ ဆီဘောက်ဆာတွေ ဆီထုတ်လို့မရသေးဘဲ ပိတ်မိနေတာကြောင့် စက်သုံးဆီ အရောင်းဆိုင်တွေမှာ ဆီပြတ်ပြီး အခုလို ဆီရောင်းချတာတွေ ရပ်နားထားရတာ ဖြစ်ပါတယ်။