ပို့ကုန်တင်ပို့မှုကနေ ရတဲ့ဝင်ငွေကို အရင် ၅၀ ရာခိုင်နှုန်းအစား ၃၅ ရာခိုင်နှုန်း မြန်မာကျပ်ငွေနဲ့ လဲလှယ်ဆောင်ရွက်ရမယ်လို့ စစ်ကောင်စီ ဗဟိုဘဏ်က ပြင်ဆင် သတ်မှတ်လိုက်ပါတယ်။
ဒါကြောင့် ပို့ကုန်တင်ပို့သူတွေအနေနဲ့ ပို့ကုန်ရငွေရဲ့ ၆၅ ရာခိုင်နှုန်းအထိကို စျေးကွက် ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။
အဲဒီပို့ကုန်ရငွေ အသုံးပြုခွင့် သတ်မှတ်ချက်က ဒီဇင်ဘာ ၆ ရက်နေ့ကစပြီး အကျုံးဝင်မယ်လို့ စစ်ကောင်စီရဲ့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။
အဲဒီသတ်မှတ်ချက်အရ ဗဟိုဘဏ် သတ်မှတ်နှုန်းထားတွေနဲ့ စျေးကွက်ပေါက်စျေးကွာဟချက် များတာကြောင့် exporterတွေ နစ်နာမှုရှိခဲ့ပြီး ပို့ကုန်တင်ပို့မှုလည်း လျော့နည်းလာပါတယ်။
ဒါပေမဲ့ စစ်ကောင်စီ ဗဟိုဘဏ်က online trading ငွေလဲနှုန်းကို အရင် ၂၉၂၀ နှုန်းထား သတ်မှတ်ပေးပြီး ထိန်းချုပ်ထားရာကနေ ဒီဇင်ဘာ ၅ ရက်ကစပြီး စျေးကွက် ပေါက်စျေးအတိုင်း လွတ်လပ်စွာ ရောင်းဝယ်ခွင့်ပြုလိုက်ပါတယ်။
လက်ရှိမှာ စစ်ကောင်စီဗဟိုဘဏ်က သတ်မှတ်ထားတဲ့ အမေရိကန်တဒေါ်လာ ငွေလဲနှုန်းက မြန်မာငွေကျပ် ၂၁ဝဝ ဖြစ်ပြီး ဗဟိုဘဏ်ပြင်ပစျေးကွက် ပေါက်စျေးကတော့ ၃၅၅၀ ကျပ် ရှိနေပါတယ်။