မကွေးတိုင်း ဆောမြို့နယ်မှာ ဒီဇင်ဘာလ ၃ ရက် မနက်ပိုင်းက လောင်းရှည်နယ်မြေရဲစခန်းကနေ ထွက်ပြေးလာတဲ့ ရဲတပ်သား ၂ ယောက်ကို ဖမ်းဆီးရမိခဲ့တယ်လို့ ဆောမြို့နယ် ပကဖကနေ သိရပါတယ်။
လောင်းရှည်နယ်မြေရဲစခန်းက ရဲတပ်သား ၂ ယောက်ဟာ ဒီဇင်ဘာ ၃ ရက် မနက် ၈ နာရီလောက်မှာ ရဲစခန်းကနေ ထွင်ပြေးလာတယ်လို့ သတင်းရရှိတာကြောင့် လောင်ရှည်တိုက်နယ်ပကဖအဖွဲ့က စလင်းချောင်းနားမှာ ဖမ်းဆီရမိခဲ့တာလို့ ဆောမြို့နယ်ပကဖ တာဝန်ခံက ပြောပါတယ်။
ဖမ်ဆီးရမိခဲ့တဲ့သူတွေကတော လောင်းရှည်ရဲစခန်က လ/၂၇၃၁၃၅ ရဲတပ်သားထက်မြတ်အောင်နဲ့ လ/၂၈၄၄၄၀ ရဲတပ်သားညီညီထွန်းတို့ ဖြစ်ပြီး Fujitsu Laptop တလုံးနဲ့ လက်ကိုင်ဖုန်း ၂လုံး သိမ်းဆည်းရရှိခဲ့ကာ လက်နက်ခဲယမ်းတွေတော့ ပါမလာဘူးလို့ ဆိုပါတယ်။
အဲဒီရဲတပ်သား ၂ ယောက်ကို ဆောမြို့နယ် ပကဖ ထံ လွှဲပြောင်းပို့ပေးလာလို့ သူတို့ကို လုံခြုံစိတ်ချရတဲ့ နေရာမှာ ကောင်းမွန်စွာ ထိန်းသိမ်းထားတယ်လို့ ပြောပါတယ်။
ဆောမြို့နယ်မှာ နိုဝင်ဘာ ၃၀ ရက်ကလည်း ဆောမြို့မရဲစခန်းက ရဲတပ်ကြပ်တယောက်ဟာ စစ်ကောင်စီရဲ့ လက်အောက်မှာ ဆက်လက်တာဝန်ထမ်းဆောင်လို့စိတ်မရှိတော့လို့ ဂန့်ဂေါခရိုင် တပ်ရင်း (၃) ကနေ တဆင့် ပြည်သူ့ရင်ခွင် ခိုလှုံခဲ့ပါတယ်။