မနေ့ညက ကစားခဲ့တဲ့ လူတန်တောင်းနဲ့ ပွဲစဉ်မှာ အမှား ၂ ခုလုပ်ခဲ့တဲ့ ဂိုးသမား ဒေးဗစ်ရာယာနဲ့ ပတ်သက်ပြီး မှတ်ချက်ပေးဖို့ နည်းပြ အာတေတာက ငြင်းဆန်သွားပါတယ်။
အာဆင်နယ်ဟာ လူတန်တောင်းကို ၂ ဂိုး ၁ဂိုးနဲ့ ဦးဆောင်နေချိန်မှာ ဒေးဗစ်ရာယာရဲ့ ဂိုးပေါက်ကာကွယ်မှု မသေသပ်တာတွေကနေ နှစ်ဂိုး ဆက်တိုက်ပေးခဲ့ရတာပါ။
အာဆင်နယ်အသင်းဟာ ချေပဂိုးတစ်ဂိုးနဲ့ ပွဲပြီးခါနီးမှာ အနိုင်ဂိုးရခဲ့လို့သာ လိုအပ်တဲ့ နိုင်ပွဲရယူနိုင်ခဲ့တာပါ။
ပွဲအပြီးမှာတော့ အမှားနှစ်ခု လုပ်ခဲ့တဲ့ ဂိုးသမားရာယာနဲ့ ပတ်သက်ပြီး မီဒီယာတစ်ခုရဲ့ မေးမြန်းချက်ကို နည်းပြက ရှောင်လွှဲဖြေကြားသွားခဲ့ပြီး အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် ကျေနပ်အားရကြောင်း ပြောပါတယ်။
ပွဲအပြီးမှာ ဒေးဗစ်ရာယာနဲ့ စကားပြောခဲ့သေးသလားဆိုတဲ့ မေးခွန်းကိုတော့ ကစားသမားအားလုံးနဲ့ စကားပြောဆိုခဲ့ပြီး သူတို့အားလုံး ခုန်ပေါက်ပျော်ရွှင်နေကြတယ်လို့ နည်းပြအာတေတာက ပြောသွားပါတယ်။
Photo - Reuters