ဂျာမနီနိုင်ငံ ဒေသတချို့မှာ နှင်းခဲတွေကျဆင်းနေပြီး ရေခဲနေတဲ့ အခြေအနေတွေကြောင့် ဒီဇင်ဘာ ၄ ရက်မှာ ယာဉ်ကြောတွေပိတ်ဆို့နေပြီး လေကြောင်းခရီးစဉ်တွေလည်း ဖျက်သိမ်းထားရပါတယ်။
ဂျာမနီတောင်ပိုင်းတခွင်မှာ ဆောင်းရာသီ စတင်ဝင်ရောက်ခဲ့လို့ ခရီးသည်တွေဟာ ခရီးစဉ် နှောင့်နှေး၊ ဖျက်သိမ်းတာတွေနဲ့ ရင်ဆိုင်နေရပြီး မြူးနစ်မြို့ ဧရိယာမှာ ကန့်သတ်ချက်တွေ ဆက်ထားနေရတယ်လို့ သယ်ယူပို့ဆောင်ရေးကုမ္ပဏီ ဒွိုက်ချ်ဘန်းက ပြောပါတယ်။
လေကြောင်းခရီးစဉ်တွေ ဖျက်သိမ်းရတာကြောင့် မြူးနစ်လေဆိပ်ဆီ ပျံသန်းမယ့် ခရီးစဉ် အချိန်ဇယားတွေ သိသိသာသာ လျော့ကျသွားပြီး ခရီးသည်တွေအနေနဲ့ လေယာဉ်ပျံသန်းမှုကို အတည်မပြုထားရင် လေဆိပ်ကို မလာကြဖို့လည်း တောင်းဆိုခဲ့ပါတယ်။
ဘာဗားရီးယားဒေသမှာ သီတင်းပတ်ကုန်ရက်က နှင်းတွေ ထူထူထပ်ထပ် ကျဆင်းခဲ့လို့ မြူးနစ်မြို့က လေယာဉ်ခရီးစဉ်တွေနဲ့ ခရီးဝေးရထားခရီးစဉ်တွေကို တနေကုန် ဖျက်သိမ်းခဲ့ရပြီး ခရစ္စမတ်ဈေးကွက်တွေကိုလည်း ပိတ်ထားခဲ့ရပါတယ်။
နှင်းလျှောစီးတဲ့ ဓာတ်ရထားတချို့ မပြေးဆွဲနိုင်ဘဲ မြို့တော်တွင်း ရေခဲပြင် အခြေအနေတွေကြောင့် ဘောလုံးပွဲစဉ်တွေကိုလည်း ရပ်နားခဲ့ရပါတယ်။
Source/Photo-Reuters