Home
နိုင်ငံတကာ
အင်ဒိုနီးရှား မီးတောင် ပေါက်ကွဲမှု တောင်တက်သမား အနည်းဆုံး ၁၁ ဦးသေဆုံး
DVB
·
December 5, 2023
indo world 5122023

အင်ဒိုနီးရှားနိုင်ငံ၊ အနောက်ဆူမားတြားပြည်နယ်ရှိ မီရာပီမီးတောင်ပေါက်ကွဲပြီးတဲ့နောက် တောင်တက်သမား ၁၁ ဦးရဲ့ ရုပ်အလောင်းတွေကို ကယ်ဆယ်ရေးသမားတွေက ရှာဖွေတွေ့ရှိခဲ့ပါတယ်။

မီးတောင်ပေါ်မှာ လူ ၃ ဦးကို အသက်ရှင်လျက်တွေ့ရှိခဲ့ရပြီး တောင်တက်သမား ၁၂ ဦးထက်မနည်း ပျောက်ဆုံးနေတုန်းပဲလို့ ကယ်ဆယ်ရေး တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ပျောက်ဆုံးသူ အရေအတွက် ၂၂ ဦးရှိတယ်လို့ တခြားအရာရှိတစ်ဦးက ပြောပါတယ်။ ဒေသတွင်း ကယ်ဆယ်ရေးအေဂျင်စီ ပြောရေးဆိုခွင့်ရှိသူ ဂျိုဒီဟာယာဝမ်က ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်နေရင်းတန်းလန်း ကြိုကြားကြိုကြား ပေါက်ကွဲမှုတွေကြောင့် ထိခိုက်ခဲ့ရပြီး အန္တရာယ်ရှိပေမဲ့ ဆက်ရှာနေတုန်းပဲလို့ ပြောပါတယ်။

တနင်္လာနေ့အစောပိုင်းမှာ တောင်တက်သမား ၄၉ ဦးကို ဘေးကင်းရာ ရွှေ့ပြောင်းခဲ့ပြီး အများအပြားကတော့ မီးလောင်ဒဏ်ရာတွေအတွက် ဆေးကုသခံနေရတယ်လို့ ပြောပါတယ်။

မကယ်ထုတ်ရသေးသူ ၂၆ ဦးရှိပြီး ၁၄ ဦးကို တွေ့ခဲ့ကာ ၃ ဦးကို  အသက်ရှင်လျက်တွေ့ခဲ့ပြီး ၁၁ ဦး သေဆုံးခဲ့တယ်လို့ ပဒန်ရှာဖွေကယ်ဆယ်ရေးအေဂျင်စီ အကြီးအကဲ အဗ်ဒူမာလစ်ခ်က ပြောပါတယ်။

စနေနေ့ကစပြီး တောင်ပေါ်မှာ တောင်တက်သမား စုစုပေါင်း ၇၅ ဦးရှိတယ်လို့ သူက ပြောပါတယ်။ 

တနင်္ဂနွေနေ့က မီးတောင်ဟာ အဖြူရောင်နဲ့ မီးခိုးရောင် ပြာမှုန်တွေ ပေါက်ကွဲခဲ့ပြီး တောင်တက်သ မားတွေ သောင်တင်ရင်း ဒဏ်ရာရခဲ့တာဖြစ်ပြီး မီးတောင်နားက ရွာအများအပြားမှာတော့ မီးတောင်ပြာတွေ ပျံ့နှံ့နေပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024