ဘိုလီးဗီးယားနိုင်ငံရဲ့ ဌာနေတိုင်းရင်းသားတွေဟာ ကြီးမားတဲ့ သဘာဝပတ်ဝန်းကျင်းဆိုင်ရာ ခြိမ်းခြောက်မှု နှစ်ခုနဲ့ ကြုံတွေ့နေရပြီး အဲဒါတွေကတော့ အမေဇုန်မြစ်ဝှမ်း အထက်ပိုင်းမှာ ပျံ့နှံ့နေတဲ့ ရွှေတူးဖော်မှုကနေ ထွက်ရှိတဲ့ ပြဒါးအန္တရာယ်နဲ့ တောမီး အန္တရာယ်တွေကို ဖြစ်ပါတယ်။
အက်ဆေယာ့စ်တိုင်းရင်းသားဟာ ပြဒါးကြောင့် သူတို့ရဲ့ကျန်းမာရေးတွေ ထိခိုက်နေရကြောင်း အစီရင်ခံကြပါတယ်။
အက်ဆေယာ့စ် အသိုင်းအဝိုင်းမှ ဌာနေတိုင်းရင်းသားခေါင်းဆောင် လူစီယိုဂိမ်းစ်ရဲ့ အဆိုအရ အမျိုးသမီးတွေမှာ ကျန်းမာရေးထိခိုက်မှုကို သိသိသာသာတွေ့မြင်ရပြီး သူတို့ဟာ အချိန်မတန်ခင် မီးဖွားမှုကြောင့် ခွဲစိတ်မွေးဖွားမှုတွေ အများအပြားလုပ်ရပြီး မွေးလာတဲ့ကလေးတွေမှာ မသန်စွမ်းဖြစ်ကြရတဲ့ ကလေးတွေ ပိုများလာကြောင်းလည်း ဆိုပါတယ်။
ဘိုလီးဗီးယားမြောက်ပိုင်းရှိ ဌာနေတိုင်းရင်းသားတွေရဲ့ ၇၅ ရာခိုင်နှုန်းမှာ ပြဒါးဓာတ်ရှိနေတာဟာ နိုင်ငံတကာစံနှုန်းထက် ကျော်လွန်နေတာကို တွေ့ရတယ်လို့ လာပက်ဇ် ဌာနေတိုင်းရင်းသားလူမျိုးများဗဟိုမှ ထုတ်ပြန်တဲ့ ဇွန်လအစီရင်ခံစာမှာ ဖော်ပါတယ်။
ရွှေတူးဖော်ရေး မိုင်းတွင်းမှာ အလုပ်မလုပ်ကြတဲ့သူတွေမှာ ထိခိုက်မှုအများဆုံးဖြစ်ကြောင်း လေ့လာချက်က ဆိုပါတယ်။ မြောက်ဘက်မှာ နေထိုင်ကြသူတွေရဲ့ အဓိက အစားအစာဖြစ်တဲ့ ငါးတွေဟာ ရေအောက်ကို ရောက်ရှိလာတဲ့ ပြဒါးနဲ့ တခြားအဆိပ်တွေကို စားသုံးလိုက်တာကြောင့်လို့ ဆိုပါတယ်။
တခြားသတ္တုတွေထဲကနေ ရွှေထုတ်ယူရာမှာ အသုံးပြုတဲ့ ပြဒါးနဲ့အတူ မိုင်းတွေဖြန့်ကျက်တည်ရှိနေတာဟာ ဘိုလီးဗီးယား အမေဇုန် သစ်တောပြုန်းတီးမှုကို ပိုဖြစ်စေနေပါတယ်။
ဘိုလီးဗီးယားနိုင်ငံမှာ ကြီးမားတဲ့ တောမီးလောင်ကျွမ်းမှုကြောင့် နိုင်ငံရဲ့ သဘာဝ ပတ်ဝန်းကျင်ကို ဆိုးဆိုးရွားရွားထိခိုက်စေခဲ့ပြီး ဖန်လုံအိမ်ဓာတ်ငွေ့ ထုတ်လွှတ်မှုကို အထောက်ပံ့ဖြစ်စေတဲ့အပြင် ဘယ်တော့မှ ပြန်မကောင်းလာနိုင်တဲ့ တိုင်းပြည်ရဲ့ သဘာဝနယ်မြေတွေ ပျက်စီးသွားမှု ဖြစ်သွားစေတယ်လို့ ဒေသဆိုင်ရာ သုတေသနအရ သိရပါတယ်။
Source/Photo - Reuters