အမေရိကန်နိုင်ငံ၊ ဂျော်ဂျီယာပြည်နယ်၊ အတ္တလန်တာမြို့ရှိ အစ္စရေးကောင်စစ်ဝန်ရုံးအပြင်ဘက်မှာ ဒီဇင်ဘာ ၁ ရက်က ပါလက်စတိုင်းအလံ ကိုင်ထားတဲ့ ဆန္ဒပြသူတဦးဟာ ကိုယ့်ကိုယ်ကိုယ် မီးရှို့ခဲ့တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
ဘယ်သူဘယ်ဝါ ဖြစ်တယ် ဆိုတာ တာဝန်ရှိသူတွေ မဖော်ထုတ်နိုင်သေးတဲ့ အဲဒီလူဟာ စိုးရိမ်ရတဲ့ အခြေအနေမှာ ရှိနေကြောင်း ရဲချုပ် ဒါရင်န်ရှီယာဘောင်မ်က သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့ပါတယ်။
ဒါဟာ အစွန်းရောက် နိုင်ငံရေး ဆန္ဒပြမှုလုပ်ရပ်လို့ ယုံကြည်ကြောင်းလည်း အကြီးအကဲက ပြောဆိုပါတယ်။
ဒါကို ဝင်ရောက်တားဆီးဖို့ ကြိုးပမ်းခဲ့တဲ့ လုံခြုံရေးအစောင့်တဦးမှာလည်း ဒဏ်ရာရရှိခဲ့ပါတယ်။ ဆန္ဒပြသူဟာ ကောင်စစ်ဝန်ရုံးအပြင် စီးပွားရေးလုပ်ငန်းအများအပြား ရှိနေတဲ့ ရုံးခန်းအဆောက်အအုံကို နေ့လယ် ၁၂ နာရီ ၁၇ မိနစ်မှာ ရောက်ရှိလာပြီးတော့ ဓာတ်ဆီကို အသုံးပြုခဲ့တယ်လို့ ရဲက ပြောပါတယ်။
သီတင်းတပတ်ကြာ အပစ်အခတ်ရပ်စဲရေးကို သက်တမ်းထပ်တိုးဖို့ ဆွေးနွေးပွဲတွေ ပျက်ပြားသွားပြီးနောက်မှာ အစ္စရေးဟာ ဂါဇာမှာ သူ့ရဲ့စစ်ရေးထိုးစစ်ကို သောကြာနေ့မှာ ပြန်လည်စတင်ခဲ့တာဖြစ်ပါတယ်။
Source/Photo - Reuters