ကွင်းလယ်လူ ဗန်ဒီဘိခ်ဟာ အသင်းကနေထွက်ခွါနိုင်တယ်လို့ မန်ယူနည်းပြ တန်ဟတ်ဂ်က အတည်ပြုပြောကြား သွားပါတယ်။
ဟော်လန်ကွင်းလယ်လူဟာ အိုင်းယက်စ်မှာတုန်းက နည်းပြတန်ဟတ်ဂ်နဲ့အတူ လက်တွဲခဲ့ဖူးပေမဲ့ မန်ယူအသင်းမှာတော့ ပွဲထွက်ခွင့်ရဖို့ ရုန်းကန်နေရတာပါ။
မနှစ်ကလည်း အဲဗာတန်အသင်းဆီ အငှားထွက်ကစားခဲ့ရတဲ့ ဟော်လန်သားဟာ ပွဲထွက်ခွင့်ရဖို့အတွက် လာမယ့် ဇန်နဝါရီအပြောင်းအရွှေ့မှာပဲ အသင်းပြောင်းဖို့ရှိပါတယ်။
သူကိုယ်တိုင်ကလည်း သုံးနှစ်အတွင်းမှာ ပရီးမီးယားလိဂ်ပွဲစဉ် ၆ ပွဲသာ ပွဲထွက် ကစားခွင့်ရခဲ့တာကြောင့် အသင်းကနေထွက်ခွါဖို့ အဆင်သင့်ဖြစ်နေပြီဖြစ်ကြောင်း ပြောထား ပါတယ်။
ဗန်ဒီဘိခ်အနေနဲ့ သူ့ရဲ့ ကစားသမားဘဝရှေ့ရေးအတွက် အသင်းကနေထွက်ခွါချင်တာကို နားလည်ပြီး ဇန်နဝါရီအပြောင်းအရွှေ့မှာ အသင်းပြောင်းရွှေ့နိုင်ကြောင်း နည်းပြတန်ဟတ်ဂ်က အတည်ပြုသွားခဲ့ပါတယ်။
Photo-Reuters