မန်စီးတီးနဲ့ ကန်မယ့်ပွဲစဉ်မှာ စပါးအသင်းက ခံစစ်အားပြုကစားလာမယ်ဆိုရင် အံ့အားသင့်ရမှာဖြစ် ကြောင်း မန်စီးတီးနည်းပြ ပတ်ဂွါဒီယိုလာက ပြောသွားပါတယ်။
စပါးအသင်းဟာ နည်းပြပို့စ်တီဂိုဂလူ လက်ထက်မှာ တိုက်စစ်အားပြုကစားတဲ့အသင်းအဖြစ် မြင်တွေ့လာရပြီး ပို့စ်တီဂိုဂလူကိုယ်တိုင်ကလည်း သူ့လက်ထက်မှာ ခံစစ်အားပြုပြီး ဘယ်တော့မှာ ယှဉ်ပြိုင်ကစားမှာမဟုတ်ကြောင်း ပြောခဲ့ဖူးပါတယ်။
စပါးအသင်းဟာ ဒီတစ်ပတ်ပရီးမီးယားလိဂ်မှာ မန်စီးတီးနဲ့ ထိပ်တိုက်တွေ့ဆုံနေပြီး ကစားသမားတွေ ဒဏ်ရာပြဿနာရှိနေတာကြောင့် အခက်ခဲဆုံးအခြေအနေနဲ့ ရင်ဆိုင်ရဖို့ရှိပါတယ်။
နည်းပြဂွါဒီယိုလာကတော့ ပို့စ်တီဂိုဂလူနဲ့ ၂၀၁၉ ခုနှစ်ကတည်းက ယိုကိုဟာမားနဲ့ ခြေစမ်းပွဲ ကစားစဉ်မှာ တွေ့ဆုံခဲ့ဖူးကြောင်း၊ အဲဒီအချိန်ကတည်းက တိုက်စစ်အားသားပေးကစားကွက်ကို သဘောကျခဲ့ကြောင်း၊ ဒီအချိန်မှာ ခံစစ်အားပြုမယ်ဆိုရင် အံ့အာသင့်ရမှာဖြစ်ကြောင်း ဂွါဒီယိုလာ ကပြောသွားပါတယ်။
Photo-Reuters