မက္ကဆီကိုနိုင်ငံတောင်ပိုင်း တပါချူလာမြို့ကနေ လွန်ခဲ့တဲ့ ၁ လလောက်က မော်တော်ယာဉ်တန်းနဲ့ ထွက်ခွာသွားတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေဟာ နိုဝင်ဘာလ ၃၀ ရက်မှာ ဗီရာခရုဇ်ပြည်နယ်ကို ရောက်ရှိလာကြပြီး အဲဒီမှာ အနားယူ အားမွေးကာ အမေရိကန်ပြည်ထောင်စုဆီ ခရီးဆက်နှင်ကြဦး မှာ ဖြစ်ပါတယ်။
ယာဉ်တန်းမှ ညှိနှိုင်းရေးမှူးတွေအဆိုအရ အဲဒီအဖွဲ့မှာ လူမျိုးပေါင်းစုံမှ ကလေး ၇၀၀ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၈၀၀ လောက် ရှိတယ်လို့ ခန့်မှန်းရပါတယ်။
မက္ကဆီကို အမျိုးသား ရွှေ့ပြောင်းနေထိုင်ရေး အင်စတီကျုဟာ သူတို့ရဲ့ ကာရာဗန်ယာဉ်တန်းကို သည်းခံပြီး သွားခွင့်ပေးထားပေမယ့် သူတို့ကို ရုပ်ပိုင်းဆိုင်ရာ တဖြည်းဖြည်းအားနည်းသွားပြီး မြောက်ပိုင်းနယ်စပ်ကို မရောက်အောင်လို့ စိတ်ဓာတ်ကျသွားအောင် တခြားသယ်ယူပို့ဆောင်ရေး တခုခုကို စီးနင်းဖို့ကို မြို့တွေအလိုက် တားဆီးထားတယ်လို့ အဲဒီနေရာမှာရှိတဲ့ ရွှေ့ပြောင်းနေထိုင် သူ တချို့က ပြောပါတယ်။
၂၀၂၁ ခုနှစ်မှာ သမ္မတ ဂျိုးဘိုင်ဒန် တက်လာပြီးကတည်းက အမေရိကန်ဟာ မက္ကဆီကိုမှ တရားမဝင် ဖြတ်ကျော်ဝင်ရောက်လာတဲ့ ရွှေ့ပြောင်းနေထိုင်သူ စံချိန်တင် အရေအတွက်နဲ့ ရုန်းကန်နေရတာပါ။
ကမ္ဘာတဝန်းက ရွှေ့ပြောင်းနေထိုင်သူတွေ ရောက်ရှိလာကြတာဖြစ်ပြီး၊ အများအပြားဟာ ကျူးဘား၊ ဟေတီ၊ နီကာရာဂွာနဲ့ ဗင်နီဇွဲလားတို့မှ စီးပွားရေးနဲ့ နိုင်ငံရေး မတည်ငြိမ်မှုတွေကနေ ထွက်ပြေးခဲ့ကြတာ ဖြစ်ပါတယ်။
Source/Photo - Reuters