Home
မြန်မာသတင်း
မြန်မာနိုင်ငံမှ တရားမဝင်တင်ပို့သည့် ပြောင်းဆန်များ ထိုင်းစစ်တပ် သိမ်းဆည်းရမိ 
DVB
·
December 1, 2023
pyaune 1122023

ကရင်ပြည်နယ်၊ မြဝတီမြို့ကနေ ထိုင်းနိုင်ငံ မဲဆောက်မြို့ဘက်ကို တရားမဝင်သယ်ဆောင်လာတဲ့ မြန်မာစိုက်ပျိုးရေးထွက်ကုန် ပြောင်းဆန် အလေးချိန် ကီလို ၂၂၀၀  ထိုင်းအာဏာပိုင်တွေက  နိုဝင်ဘာ  ၂၉ ရက် ညနေ ၆ နာရီခန့်မှာ ဖမ်းဆီးရမိကြောင်း ထိုင်းစစ်တပ်သတင်းမှာ ဖော်ပြပါတယ်။

မြဝတီဘက် သဘာဝဂိတ်တစ်ခုကနေ သောင်ရင်းမြစ်ကို ဖြတ်ကူးကာ ပြောင်းဆန်တွေတင်လာတဲ့ စက်လှေကို   ထိုင်းနိုင်ငံ ကမ်းစပ်အရောက်  မဲဆောက်ခြေစိုက် ဒေသကွပ်ကဲရေးတပ်ခွဲ ၄၃၁ အဖွဲ့က ဖမ်းဆီးလိုက်တာဖြစ်ပါတယ်။  

ထိုင်းစစ်တပ်ဘက်က စစ်လှေကိုစစ်ဆေးဖို့လုပ်နေစဉ် ပြောင်းဆန်တွေ တင်ဆောင်လာသူက  စက်လှေပေါ်ကနေ ခုန်ဆင်းပြီး ရေကူး ထွက်ပြေးလွတ်မြောက်သွားပါတယ်။

ကျန်ရှိတဲ့ စက်လှေပေါ်ကို စစ်ဆေးရာမှာ ပြောင်းဆန်  ၄၂ အိတ်တွေ့ရှိပြီး တစ်အိတ်လျှင် ကီလိုချိန် ၅၀၀ ရှိတဲ့အတွက်  စုစုပေါင်း မြန်မာပြောင်းဆန်  ကီလို ၂၂၀၀ ကို ထိုင်းအာဏာပိုင်တွေက သိမ်းဆည်းခဲ့ပါတယ်။

တရားမဝင်ခိုးကူးလာတဲ့ စက်လှေနဲ့ မြန်မာပြောင်းဆန်တွေကိုတော့  ထိုင်းနိုင်ငံ တရားဥပဒေအတိုင်း သိမ်းဆည်း ဆောင်ရွက်သွားမယ်လို့ သိရပါတယ်။

မြန်မာနဲ့ ထိုင်းနှစ်နိုင်ငံ စိုက်ပျိုးရေးထွက်ကုန်တွေကို ရာသီအလိုက် အခွန်လွတ်ကင်းခွင့်နဲ့ တင်ပို့ခွင့်ပြုထားတာဖြစ်ပါတယ်။  မြန်မာပြောင်းဆန်တွေကိုတော့  ထိုင်းနိုင်ငံကို ၂ လ ပိုင်းမှ ၈ လပိုင်းအထိ အခွတ်လွတ်သတ်မှတ်ပေးထားပြီး  ကျန်လပိုင်းတွေကိုတော့ အခွန် ၇၅ ရာခိုင်နှုန်း သတ်မှတ်ကောက်ခံပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013