စပိန်နိုင်ငံတောင်ဘက်စွန်းမှာတည်ရှိတဲ့ ကာ့ဒေမြို့ရှိ ကမ်းခြေတခုမှာ အမြန်ရေယာဉ် ပေါ်ကနေ ပြုတ်ကျပြီးနောက် ရွှေ့ပြောင်းနေထိုင်သူ ၄ ဦး သေဆုံးခဲ့ကြောင်း နိုင်ငံရဲ့ ပင်လယ်ရေကြောင်း ကယ်ဆယ်ရေးအဖွဲ့က နိုဝင်ဘာ ၂၉ ရက်မှာ ပြောကြားခဲ့ပါတယ်။
အဲဒီလှေမှာ ရွှေ့ပြောင်းနေထိုင်သူ ၂၇ ဦးကို တင်ဆောင်ခဲ့ပြီး ၂၃ ဦး အသက်ရှင် လွတ်မြောက်ခဲ့ပါတယ်။
FORTA ဗီဒီယိုဖိုင်မှာ ချီကလာနာမြို့ရှိ ကမ်ပိုဆိုတို ကမ်းခြေအနီးမှာ စပိဘုတ်တစင်း ရွက်လွှင့်နေပြီး ရဲတပ်ဖွဲ့ဝင်တွေနဲ့ ကြက်ခြေနီအသင်းသားတွေ ကြည့်ရှုနေကြတာကို ပြသခဲ့ပါတယ်။
စက်လှေရောက်လာချိန်မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ကူညီပေးခဲ့တဲ့ ကမ်းခြေမှာရှိနေတဲ့ မျက်မြင်သက်သေ ဟာဗီယာ ဂွန်ဇာလက်ဇ်က သူဟာ ရွှေ့ပြောင်းနေထိုင်သူတွေ ရေထဲခုန်ဆင်းပုံနဲ့ တခြားသူတွေကို အတင်းခုန်ချခိုင်းနေတာကို မြင်တွေ့ခဲ့ရတယ်လို့ ပြောပါတယ်။
“မူးယစ်ကုန်ကူးတဲ့လှေလို့ ထင်ခဲ့ပေမဲ့ ရွှေ့ပြောင်းနေထိုင်သူတွေ ပါလာတာကို ဒီမှာ အတူတူ လုပ်နေကြတဲ့ လူ ၁၅ ယောက်လောက်က မြင်တွေ့လိုက်ပြီးတော့ သူတို့တွေကို လှေသူကြီးတွေက သေနတ်နဲ့ချိန်ပြီး ခုန်ချမလား၊ ပစ်ထည့်လိုက်ရမလားလို့ ပြောနေတဲ့ပုံတွေတောင် ရှိတယ်။”
ချီကလာနာမြို့ အနီးအနားရှိ ဆန့်တီ ပက်ထရီ ကမ်းခြေမှာ နောက်ထပ် အရွယ်ရောက်ပြီးသူ ရွှေ့ပြောင်းအမျိုးသား ၈ ဦးလည်း ကျန်ရစ်ခဲ့ပြီး ဆေးဘက်ဆိုင်ရာ ဝန်ထမ်းတွေနဲ့ ဂွါဒီယာ မြို့ပြရဲတွေ ရောက်ရှိခဲ့တယ်လို့ သတင်းတွေက ဆိုပါတယ်။
သူတို့ထဲက အပူလွန်ကဲမှုဝေဒနာ ခံစားရတဲ့ ၃ ဦးကို နောက်ပိုင်းမှာ ဆေးရုံပို့ဆောင်ခဲ့ပါတယ်။
Source/Photo-Reuters