လီဗာပူးဂိုးသမား အလက်ဆန်နဲ့ တိုက်စစ်မှူး ဒီယေဂိုဂျိုတာတို့ဟာ ဒဏ်ရာပြဿနာတွေကြောင့် အနားယူသွားရမှာဖြစ်တယ်လို့ နည်းပြကလော့ပ်က အတည်ပြုသွားပါတယ်။
သူတို့နှစ်ယောက်ဟာ မန်စီးတီးနဲ့ တဂိုးစီသရေကျခဲ့တဲ့ လိဂ်ပွဲစဉ်မှာ ဒဏ်ရာရရှိခဲ့ကြတာပါ။
ဂိုးသမား အလက်ဆန်နဲ့ ဂျိုတာတို့ နှစ်ယောက်စလုံးဟာ တံကောက်ကြောဒဏ်ရာတွေ ကိုယ်စီရခဲ့ကြတာဖြစ်ပြီး ဂျိုတာရဲ့ဒဏ်ရာကနေတော့ ပိုပြီးဆိုးကြောင်း နည်းပြကလော့ပ်က ပြောပါတယ်။
ဂိုးသမား အလက်ဆန်အနေနဲ့ ယူရိုပါလိဂ်နဲ့ ဒီတပတ် ပရီးမီးယားလိဂ်ပွဲစဉ်တွေကို သေချာပေါက် လွဲချော်မှာဖြစ်ပြီး ဂျိုတာကတော့ အဲဒီထက်ပိုပြီး အနားယူရမယ်လို့ နည်းပြက ပြောပါတယ်။
လာမယ့်ပွဲစဉ်တွေမှာ အရန်ဂိုးသမားဖြစ်သူ ခယ်လဟာက အစားထိုး တာဝန်ယူမှာဖြစ်ပြီး သူ့အပေါ် ယုံကြည်မူရှိကြောင်း နည်းပြကလော့ပ်က ပြောသွားပါတယ်။
Photo-Reuters