Home
မြန်မာသတင်း
အင်းစိန်မြို့နယ်ရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီကားဝင်း ဗုံးဖြင့်တိုက်ခိုက်ခံရ
DVB
·
November 30, 2023
MEHL_30112023

ရန်ကုန်မြို့၊ အင်းစိန်မြို့နယ်ရှိ စစ်တပ်ပိုင် ဦးပိုင်ကုမ္ပဏီ ကားဝင်းကို နိုဝင်ဘာ ၂၉ ရက် ညက ဗုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အင်းစိန်မြို့နယ်၊ သီရိမင်္ဂလာလမ်း (ဂျပန်လမ်း) ပေါ်ရှိ စစ်ကောင်စီရဲ့ အဓိက ဒေါက်တိုင်ဖြစ်တဲ့ ဦးပိုင်ကုမ္ပဏီ ကားဝင်းကို မနေ့ည ၇ နာရီ မိနစ် ၄၀ လောက်မှာ ပစ်ခတ်တိုက်ခတ်ခံခဲ့​ရတယ်လို့ အင်းစိန်မြို့ခံတဦးက ပြောပါတယ်။

“ညက ၇ နာရီခွဲကျော်လောက်ရှိမယ်။ အင်းစိန် ဂျပန်လမ်းဘက်မှာ ဗုံးပေါက်သံ နှစ်ချက်ကြားလိုက်တာ။ အသံကတော့ တော်တော်ကျယ်တယ်။ ဦးပိုင်ကားဝင်းထဲမှာ ပေါက်တာ။ ဘာတွေဖြစ်လဲတော့ ကျနော်တို့လည်း သွားမကြည့်ရဲဘူး။ လက်ရှိအခြေအနေကတော့ လမ်းပိတ်တယ်၊ တားတယ်၊ စစ်တယ်၊ မသင်္ကာရင် အဖမ်းခံရရော။”

အဲ့ဒီတိုက်ခိုက်မှုကိုတော့ မြို့ပြစစ်ဆင်ရေး Urban Special Operation (USO) အဖွဲ့က ၄၀ မမ ဗုံးသီး ၂ လုံးနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်းနဲ့ လက်ရှိမှာ မြို့ပြစစ်ဆင်ရေး အခြေစိုက်မြို့တွေမှာ တော်လှန်ရေးသင်္ကေတတခုဖြစ်တဲ့ အနက်ရောင်အလံကို စတင်လွှင့်ထူပြီဖြစ်ကြောင်း USO အဖွဲ့က အသိပေး ထုတ်ပြန်ထားပါတယ်။

ကားဝင်းပေါက်ကွဲမှု ဖြစ်ပွားပြီးနောက် အင်းစိန်မြို့နယ် သီရိမင်္ဂလာလမ်း (ဂျပန်လမ်း)၊ အောက်မင်္ဂလာဒုံလမ်းနဲ့ ပြည်လမ်းမတွေမှာ စစ်ကောင်စီအဖွဲ့က လမ်းတွေပိတ်ဆို့ထားပြီး စစ်ဆေးနေပါတယ်။

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily indipendent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013