ဂျာမနီနိုင်ငံမှာ ဆောင်းရာသီ ဆီးနှင်းများကျနေတာကြောင့် လူ ၂ ယောက် သေဆုံးအပြီး လမ်းတွေက အသက်အန္တရာယ်ရှိလာလို့ နိုင်ငံအနောက်ပိုင်းမှ အာဏာပိုင်တွေက ဒေသခံတွေကို အိမ်ထဲမှာပဲနေကြဖို့ နိုဝင်ဘာ ၂၈ ရက်က သတိပေးခဲ့ပါတယ်။
ဆောင်းရာသီမှာ ဂျာမနီနိုင်ငံက နေရာအတော်များများမှာ နှင်းကျလို့ လမ်းတွေချော်နေပြီး သစ်ကိုင်းတွေ ကျိုးကျခဲ့ပါတယ်။
အဲဒါကြောင့် ယာဉ်မတော်တဆမှုတွေ အများအပြား ဖြစ်ပွားခဲ့ပြီး လူတွေက ကားထဲမှာ ပိတ်မိနေခဲ့ပါတယ်။
ဂျာမနီအလယ်ပိုင်း ဟက်ဆာပြည်နယ် အနောက်ဘက်က ရိုင်းဂေါင် တောင်နော့စ် ခရိုင်အတွင်း လူအယောက် ၁၀၀ ကို သူတို့ကားတွေထဲကနေ ဘေးလွတ်ရာဆီ ရွှေ့ပြောင်းပေးခဲ့ရပြီး လီနီယံဘတ်ဒ်နားက လမ်းပေါ်မှာ လူအယောက် ၇၀ ပိတ်မိနေခဲ့ပါတယ်။
နှင်းတွေကျလို့ ယာဉ်အသွားအလာ ကမောက်ကမဖြစ်ပြီး ၁၅ မိနစ်ကြာတဲ့ ခရီးကို ၃ နာရီကြာ စီးနင်းခဲ့ရတယ်လို့ ဒေသခံတွေက ပြောပါတယ်။
ပြည်နယ်အများအပြားမှာ နိုဝင်ဘာ ၂၈ ရက်က နှင်းတွေကျနေပြီး နောက်ရက်တွေမှာ ဒီအခြေအနေအတိုင်း ဆက်ရှိနေမယ်လို့ ဂျာမန်မိုးလေဝသဌာန (DWD) က ပြောခဲ့ပါတယ်။
Source/Photo-Reuters