Home
မြန်မာသတင်း
ချင်းပြည်နယ် အဝင်လမ်းကို CDF ကပိတ်ထား
DVB
·
November 28, 2023
chin 28112023

စစ်ကိုင်းတိုင်း၊ ကလေးမြို့နဲ့ ချင်းပြည်နယ်ဘက်ကို ဆက်သွယ်ထားတဲ့ ကလေး-သိုင်းငင်း- တီးတိန် လမ်းမကြီးကို နိုဝင်ဘာ ၂၇ ရက်ကစတင်ပြီး ဒေသခံတွေနဲ့ ခရီးသွားတွေ အသုံးမပြုဖို့ ချင်းကာကွယ်ရေးတပ်ဖွဲ့ CDF-Civic Defense Militia -CDM-Siyin  က သတိပေးထားပါတယ်။

လုံခြုံရေးအခြေအနေနဲ့ စစ်ရေးအရှိန်‌ကြောင့် ခေတ္တပိတ်ပင်ထားတာဖြစ်ပြီး ဒေသခံတွေရဲ့ ကျန်းမာရေးနဲ့ နာရေးကိစ္စတွေအတွက် CDF-Siyin ထံ အသိပေးအကြောင်းကြားနိုင်တယ်လို့ ဆိုပါတယ်။

CDF-CDM-SIYIN အဖွဲ့ရဲ့တာဝန်ခံ" ကျနော်တို့ လှုပ်ရှားတဲ့ ချင်းပြည်နယ်အဝင် ကလေး-သိုင်းငင်းလမ်းကို စစ်ရေးဗျူဟာအရ ခေတ္တပိတ်တာပါ။ လမ်းဖွင့်တဲ့အခါ ပြန်အသိ ပေးမယ်။"လို့ ဆိုပါတယ်။

ခရီးသွားနဲ့ ဒေသခံတွေအနေနဲ့ မိမိတို့ရဲ့ အသက်အန္တရယ်လုံခြုံရေးအတွက် သတိပြုစေလိုပြီး ခရီးသွားလာခြင်းကြောင့် ဖြစ်ပေါ်လာတဲ့ နောက်ဆက်တွဲပြဿနာတွေကို မိမိတို့အဖွဲ့အနေနဲ့ တာဝန်မယူဘူးလို့ ဆိုပါတယ်။

အဲဒီလမ်းမဟာ ချင်းပြည်နယ်ရဲ့ ကုန်စည်ဆက်သွယ်‌ရေးနဲ့ မြန်မာ-အိန္ဒိယကုန်သွယ်ရေးမှာ အရေးပါတဲ့ လမ်းမကြီးဖြစ်ပြီး နှစ်ဘက်တိုက်ပွဲဖြစ်ပွားလေ့ရှိပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024