Home
နိုင်ငံတကာ
တရုတ်အော်စကာ ရွှေမြင်းဆုပေးပွဲ၌ Stonewalling ရုပ်ရှင်က အကောင်းဆုံး ရုပ်ရှင်ဆုရ
DVB
·
November 28, 2023
Golden Horse world 28112023

တရုတ်အော်စကာလို့ လူသိများကြတဲ့ ရွှေမြင်းဆုပေးပွဲကို ပြီးခဲ့တဲ့ နိုဝင်ဘာ ၂၅ ရက်က ပြုလုပ်ခဲ့ပြီး ဒါရိုက်တာ စုံတွဲ Ryuji Otsuka နဲ့ Huang Ji တို့က ပူးတွဲရိုက်ကူးတဲ့ Stonewalling ရုပ်ရှင်က အခုနှစ်ရဲ့  အကောင်းဆုံး ရုပ်ရှင်ဆု ရရှိသွားခဲ့ပါတယ်။

နာမည်ကျော် ဗင်းနစ်ရုပ်ရှင်ပွဲတော်မှာ ပွဲဦးထွက်ပြသခဲ့သလို ဟောင်ကောင်ရုပ်ရှင်ပွဲတော်ရဲ့ Young Cinema Competition မှာ အကောင်းဆုံးဇာတ်ကားဆု ရရှိထားခဲ့တဲ့ ဒီဇာတ်ကားဟာ တရုတ်ပြည်မကြီးက အမျိုးသမီးငယ်တယောက်ရဲ့ အသက်မွေးဝမ်းကြောင်းနဲ့ အချစ်ရေး၊ ကျန်းမာရေးနဲ့ မွေးဖွားမှုဆိုင်ရာ ပြဿနာတွေနဲ့ ရင်ဆိုင်နေရတဲ့ အကြောင်းအရာတွေကို အသားပေး ရိုက်ကူးထားခဲ့တာပါ။

ရွှေမြင်းရုပ်ရှင်ဆုဆိုတာကတော့ တရုတ်ဘာသာစကားပြော ရုပ်ရှင်အသိုင်းအဝိုင်းမှာ ဂုဏ်သိက္ခာ အကြီးမားဆုံး ပွဲတခုဖြစ်ပြီး အခုနှစ်မှာတော့ အကြိမ် ၆၀ မြောက်ထိ ရောက်ရှိလာခဲ့ပြီဖြစ်ကာ အနုပညာရှင်တွေ အများအပြား တက်ရောက်ခဲ့ကြတာကို တွေ့ရပါတယ်။

ဒီဆုပေးပွဲမှာ နာမည်ကြီး ရုပ်ရှင်ကားတကားဖြစ်တဲ့ Old Fox ကတော့ ဆုအများဆုံး သိမ်းပိုက်သွားခဲ့ပြီး ဒီကားကို ရိုက်ကူးတဲ့ ဒါရိုက်တာ Hsiao Ya-chuan က အကောင်းဆုံး ရုပ်ရှင်ဒါရိုက်တာဆုနဲ့အတူ အကောင်းဆုံး ဇာတ်ပို့သရုပ်ဆောင်မင်းသားဆု၊ မိတ်ကပ်နဲ့ အဝတ်အစားဆုစတဲ့ ဆုတွေပါ ရရှိသွားခဲ့တာပါ။

အကောင်းဆုံး သရုပ်ဆောင်မင်းသားဆုကိုတော့ Abang Adik ရုပ်ရှင်နဲ့ သရုပ်ဆောင် မင်းသား Wu Kang-ren က ရရှိခဲ့သလို သရုပ်ဆောင်မင်းသမီးဆုကိုတော့ Trouble Girl ရုပ်ရှင်နဲ့ သရုပ်ဆောင်မင်းသမီး Audrey Lin တို့က ရရှိသွားခဲ့ပါတယ်။

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024