အိန္ဒိယနိုင်ငံ၊ ဥတ္တရာခန်းပြည်နယ်၊ ဥတ္တာခါရှီးမြို့က မြေအောက်ဥမင်ထဲမှာ ပိတ်မိနေတဲ့ အလုပ်သမား ၄၁ ဦးကို ကယ်တင်နိုင်ရေး ပြိုကျနေတဲ့ လိုဏ်ခေါင်းနေရာမှာ ဒေါင်လိုက်တွင်း စတူးနေလို့ အိန္ဒိယ ကယ်ဆယ်ရေးသမားတွေ နိုဝင်ဘာ ၂၆ ရက်ညက ညဆိုင်း အလုပ်ဆင်းခဲ့ကြပါတယ်။
ဒီဆောက်လုပ်ရေးလုပ်ငန်းခွင်က နာရီပေါင်း ၁၀၀ လောက် ကြာမယ်လို့ အစိုးရ တာဝန်ရှိသူတွေက ပြောပါတယ်။
ကယ်ဆယ်ရေးသမားတွေဟာ အတားအဆီး အမြောက်အမြားနဲ့ ကြုံနေရလို့ အလုပ်သမားတွေကို ကယ်ထုတ်ရေးဟာ အရင်က မျှော်လင့်ထားတာထက် ပိုမိုကြာမြင့်ခဲ့ပြီး နောက်ဆုံးမှာ တူးဖော်ရေးစက်ပါ ပျက်စီးသွားခဲ့တယ်လို့ တာဝန်ရှိသူတွေက နိုဝင်ဘာ ၂၅ ရက်မှာ ပြောခဲ့ပါတယ်။
အလုပ်သမားတွေဟာ နိုဝင်ဘာ ၁၂ ရက် အစောပိုင်းကတည်းက ဂူအတွင်း ၃ မိုင်ရှိတဲ့ လိုဏ်ခေါင်းထဲမှာ ပိတ်မိနေပြီး မရှိမဖြစ်လိုအပ်တဲ့ ကုန်ပစ္စည်းတွေ မှန်မှန်ရရှိရေးအတွက် ချက်ပြုတ်ထားတဲ့ အစားအစာတွေကို တူးထားတဲ့ အသက်သွေးကြောဖြစ်တဲ့ ပိုက်ကနေ တဆင့် ရယူနေရပါတယ်။
Source/Photo-Reuters