Home
နိုင်ငံတကာ
တရုတ်နှင့် ဟောင်ကောင် သရုပ်ဆောင်များ တိုင်ပေ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲ တက်ရောက်
DVB
·
November 26, 2023
Tai world 26112023

နိုင်ငံရေးအရ ကွဲလွဲမှုတွေကြောင့် ရုပ်ရှင်ဆုတွေကို တရုတ်ပြည်မကြီး အစိုးရက သပိတ်မှောက်ခဲ့ ပြီးနောက် တရုတ်နဲ့ ဟောင်ကောင်ရုပ်ရှင်တွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေဟာ ထိုင်ဝမ်ကျွန်းက မြို့တော် တိုင်ပေမှာ နှစ်စဉ်ကျင်းပမြဲဖြစ်တဲ့ ရွှေမြင်း ရုပ်ရှင်ဆုပေးပွဲဆီကို နိုဝင်ဘာလ ၂၄ ရက်က ပြန်ရောက်လာခဲ့ကြပါတယ်။

တရုတ်ပုံစံ အော်စကာ ရုပ်ရှင်ထူးချွန်ဆုလို့ ခေါ်ကြတဲ့ ရွှေမြင်းရုပ်ရှင်ဆုပေးပွဲကို ၂၀၁၉မှာ သပိတ်မှောက်ပြီးတဲ့နောက် ဟူလင်းဟာ ကော်ဇောနီပေါ် ပထမဆုံးရောက်လာတဲ့ တရုတ် ရုပ်ရှင်ကြယ်ပွင့် ဖြစ်ပါတယ်။ 

အဲဒီအချိန်ကစပြီး တရုတ်နဲ့ ဟောင်ကောင်တို့က အဓိက ထုတ်လုပ်ရေးတွေဟာ ဒီထူးချွန်ဆု ပေးပွဲအတွက် နာမည်စာရင်း တင်သွင်းတာမရှိခဲ့ဘဲ တရုတ်ရုပ်ရှင်ရိုက်ကူး ထုတ်လုပ်သူတွေနဲ့ သရုပ်ဆောင်တွေကို ဒီပွဲမှာ မမြင်ရသလောက် ဖြစ်ခဲ့ပါတယ်။

တရုတ်နဲ့ ဂျပန် ဒါရိုက်တာ နှစ်ယောက်ဖြစ်တဲ့ ဟွမ်ကျိနဲ့ ရယူးဂျိ အိုတ္စုခါ့တို့  ဖန်တီးထားတဲ့ တရုတ်ရုပ်ရှင် “Stonewalling” ဇာတ်ကားက အကောင်းဆုံး ဇာတ်ကြောင်းပြန် ရုပ်ရှင်ဆုကို ရခဲ့ပါတယ်. ဒီဇာတ်ကားဟာ အကောင်းဆုံးတည်းဖြတ်မှုဆုကိုလည်း ရရှိခဲ့ပါတယ်။

Source/Photo-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024