ကွန်ဂိုအတိုက်အခံသမ္မတလောင်းနဲ့ ၂၀၁၈ ခုနှစ် နိုဘယ်ငြိမ်းချမ်းရေးဆုရှင် ဒန်းနစ် မူခွယ်ဂီက သူသာ သမ္မတအဖြစ် ရွေးကောက်ခံရရင် ဖွဲ့စည်းပုံကောင်းမွန် ခေတ်မီတဲ့ စစ်တပ်ကို ဦးတည် လုပ်ဆောင်မယ်လို့ နိုဝင်ဘာ ၂၅ ရက်မှာ ကြွေးကြော်ခဲ့ပါတယ်။
မုဒိမ်းမှုကျူးလွန်ခံရသူတွေကို ကူညီပေးလို့ ကျော်ကြားတဲ့ ဒေါက်တာ မူခွယ်ဂီက သမ္မတလောင်း အဖြစ် ရွေးကောက်ပွဲဝင်ဖို့ အောက်တိုဘာလက တရားဝင်ကြေညာပြီးကတည်း က ဘူကျာဗူမြို့ မှာ ပထမဆုံး ရွေးကောက်ပွဲဆိုင်ရာ လူထုစည်းဝေးပွဲကို တက်ရောက်ခဲ့ပါတယ်။
ပထမ သမ္မတသက်တမ်းမှာတင် စီးပွားရေး ကျပ်တည်းမှု၊ ကပ်ရောဂါတွေနဲ့ ကွန်ဂို အရှေ့ပိုင်းမှာ ပိုဆိုးလာနေတဲ့ မလုံခြုံမှုတွေကြား နွံနစ်နေတဲ့ သမ္မတ ဖိလစ်ခ်စ် ရှီဆေကေဒီကို သူက ရွေးကောက်ပွဲမှာ ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
မူခွယ်ဂီဟာ ၂၀၁၈ ရွေးကောက်ပွဲမှာ ရှီဆေကေဒီရဲ့ နောက်ကနေ ဒုတိယ အများဆုံး မဲရခဲ့တဲ့ မာတင် ဖာယူလူ၊ ကြေးနီကြွယ်ဝတဲ့ ကာတန်ဂါ Katanga ဒေသ အုပ်ချုပ်ရေးမှူးဟောင်း သန်းကြွယ် သူဌေး စီးပွားရေးသမား မွိုက်ဇီစ် ခါတွမ်ဘီတို့ကိုလည်း ရင်ဆိုင်ရမှာ ဖြစ်ပါတယ်။
Source/Photo-Reuters