ပါကစ္စတန်တောင်ပိုင်း ကရာချိမြို့ရှိ ရှော့ပင်းမောလ်တခုမှာ မီးလောင်မှုဖြစ်ပွားခဲ့ရာ လူ ၁၁ ဦး ထက်မနည်း သေဆုံးခဲ့ကြောင်း တာဝန်ရှိသူတွေနဲ့ ဒေသဆိုင်ရာ မီဒီယာတွေက နိုဝင်ဘာ ၂၅ ရက် မှာ ပြောကြားခဲ့ပါတယ်။
ပါကစ္စတန်နိုင်ငံရဲ့ လူဦးရေအများဆုံးဖြစ်တဲ့ ကရာချိမြို့က အထပ်မြင့် အဆောက်အအုံ တခုဖြစ်တဲ့ RJ ရှော့ပင်းမောလ်မှာ မနက်အစောပိုင်းက မီးလောင်မှုဖြစ်ပွားခဲ့တာလို့ ဒေသခံရုပ်သံ Geo News က ပြောပါတယ်။
မီးသတ်တပ်ဖွဲ့ဟာ လူအယောက် ၅၀ ဝန်းကျင်လောက်ကို ကယ်ဆယ်နိုင်ခဲ့ပေမယ့် အဆောက်အအုံထဲမှာ လူတွေ ကျန်နေသေးတယ်လို့လည်း သိရပါတယ်။
ကုန်တိုက်ရဲ့ ၃ ထပ်ရှိ မီးစက်အတွင်း လျှပ်စစ်ဝါယာရှော့ဖြစ်ပြီးတော့ မီးလောင်မှုဖြစ်ပွားခဲ့တာ လို့ အဒ်ဟီ ကယ်ဆယ်ရေးအဖွဲ့ တာဝန်ခံ အစ်ဖှ်တီခါ အက်ဘာ့စ်က ရိုက်တာသတင်းဌာနကို ပြောကြားပါတယ်။
မီးဟာ ဖုန်းခေါ်ဆိုရေးစင်တာတွေ အများအပြားရှိတဲ့ တတိယထပ်ကနေ စတုတ္ထထပ်အထိ ပျံ့နှံ့သွားခဲ့တယ် လို့လည်း ဆိုပါတယ်။
မီးလောင်မှုအတွင်း အနည်းဆုံး လူ ၁၁ ဦး သေဆုံးခဲ့ရပြီး အများစုမှာ ခေါ်ဆိုရေးစင်တာတွေမှ ဝန်ထမ်းတွေဖြစ်ကြောင်းလည်း သူက ပြောပါတယ်။
မီးလောင်မှုကြောင့် လူအများအပြား ဒဏ်ရာရရှိခဲ့ပြီး ဆေးရုံမှာ ကုသပေးထားကြောင်း Geo မှ သတင်းထုတ်ပြန်ခဲ့ပါတယ်။
Source/Photo-Reuters