တောင်ကိုရီးယားနဲ့ ဂျပန်နိုင်ငံခြားရေးဝန်ကြီးတွေဟာ ဘူဆန်မြို့မှာ တရုတ် နိုင်ငံခြားရေးဝန်ကြီးနဲ့ နိုဝင်ဘာ ၂၆ ရက်က တွေ့ဆုံခဲ့ပါတယ်။
အလားတူ တောင်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ပတ်ခ်ဂျင်းဟာ တာဝန်ရှိသူတွေနဲ့ မတွေ့ခင် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ယိုခို ခါမိခါ့ဝါ့ကို ကြိုဆိုခဲ့ပါတယ်
တောင်ကိုရီးယား၊ ဂျပန်နိုင်ငံနဲ့ တရုတ် သုံးနိုင်ငံတွေ့ဆုံမှု မတိုင်မီ အကြို တွေ့ဆုံခဲ့တာလည်း ဖြစ်ပါတယ်။
ပထမဆုံးသော သူလျှိုဂြိုလ်တုကို ပတ်လမ်းအတွင်း ချထားခဲ့တယ်လို့ မြောက်ကိုရီးယားက ခုသီတင်းပတ်အတွင်း ပြောခဲ့အပြီး၊ အရှေ့အာရှနိုင်ငံခြားရေးဝန်ကြီးများ အစည်းအဝေးကို ဘူဆန်မြို့မှာ ကျင်းပဖို့ စီစဉ်ခဲ့တာပါ။
မြောက်ကိုရီးယားကတော့ ကုလသမဂ္ဂရဲ့ ဆုံးဖြတ်ချက်တွေကို ချိုးဖောက်လို့ နိုင်ငံတကာရဲ့ ရှုတ်ချမှုကို ခံခဲ့ရပါတယ်။
ခု အစည်းအဝေးဟာ လေးနှစ်အတွင်း ခေါင်းဆောင်တွေရဲ့ ထိပ်သီး အစည်းအဝေးဖြစ်ပြီး ၂၀၁၉ ခုနှစ်နောက်ပိုင်းမှာ နောက်ဆုံးတွေ့ဆုံမှုလည်းဖြစ်ပါတယ်။
ခါ့မိခါ့ဝါ့ဟာ စက်တင်ဘာလမှာ နိုင်ငံခြားရေးဝန်ကြီးအဖြစ် စတင်တာဝန်ယူပြီးတဲ့နောက် တောင်ကိုရီးယားနိုင်ငံဆီ ပထမဆုံး အကြိမ် ခရီးစဉ်အဖြစ် နိုဝင်ဘာ ၂၅ ရက်က ရောက်လာတာပါ။
အမေရိကန်ရဲ့ မဟာမိတ်နှစ်နိုင်ငံဖြစ်တဲ့ တောင်ကိုရီးယားနဲ့ ဂျပန်တို့ဟာ ဒုတိယကမ္ဘာစစ် အတွင်းက လိင်အလွဲသုံးစားမှုနဲ့ အဓမ္မ လုပ်အားပေး စေခိုင်းမှုဆိုင်ရာ ပြဿနာတွေကြောင့် နှစ်နိုင်ငံကြား ဆက်ဆံရေး တင်းမာလာခဲ့တာပါ။
ဒါပေမယ့် ဒေသတွင်း တရုတ်ရဲ့ သြဇာ လွှမ်းမိုးလာမှုအပေါ် စိုးရိမ်မှုတွေကြောင့် တောင်ကိုရီးယား နဲ့ ဂျပန်တို့ကြား ဆက်ဆံရေး တိုးတက်ကောင်းမွန်လာပြီး အမေရိကန်နဲ့ လုံခြုံရေး ပူးပေါင်းဆောင်ရွက်မှုကို နက်နက် ရှိုင်းရှိုင်း တိုးချဲ့ လာခဲ့ကြပါတယ်။
ပတ်ခ်ဂျင်းနဲ့ ခါ့မိခါ့ဝါ့တို့ဟာ လေးနှစ်အတွင်း ပထမဆုံးအနေနဲ့ ခေါင်းဆောင်များ ထိပ်သီး ဆွေးနွေးပွဲကို ကျင်းပဖို့ ကြိုးစားရင်း တရုတ်နိုင်ငံခြားရေးဝန်ကြီး ဝမ်ယိနဲ့ တနင်္ဂနွေနေ့မှာ တွေ့ဆုံမှာ ဖြစ်ပါတယ်။
တရုတ်နိုင်ငံရဲ့ ဒေသတွင်း လွှမ်းမိုးမှု ကြီးထွားလာတဲ့အပေါ် စိုးရိမ်နေချိန်မှာ တောင်ကိုရီးယားနဲ့ ဂျပန်တို့ရဲ့ ဆက်ဆံရေး ပိုကောင်းလာပြီး အမေရိကန်နဲ့ လုံခြုံရေး ပူးပေါင်း ဆောင်ရွက်မှုကိုလည်း နက်နက်ရှိုင်းရှိုင်း လုပ်လာတာကို မြင်ရချိန်မှာ ဆွေးနွေးပွဲတွေ ထွက်ပေါ်လာတာပါ။
တောင်ကိုရီးယား၊ ဂျပန်တို့နဲ့ ဆက်ဆံရေး ခိုင်မာစေဖို့ အမေရိကန်ရဲ့ ကြိုးပမ်းမှုဟာ ဒေသတွင်း တင်းမာမှုနဲ့ ထိပ်တိုက်ရင်ဆိုင်မှုတွေ တိုးလာစေနိုင်တယ်လို့ တရုတ်ပြည်မကြီး အစိုးရက အရင်က သတိပေးခဲ့ဖူးပါတယ်။
Source/Photo-Reuters