မြောက်ကိုရီးယားခေါင်းဆောင် ကင်ဂျုံအန်းဟာ ဘူဆန်မြို့အပါအဝင် တောင်ကိုရီယားနိုင်ငံထဲက ပစ်မှတ်ဒေသ အသီးသီးမှာ ရိုက်ကူးထားတဲ့ နောက်ထပ်ဓာတ်ပုံတွေကို စစ်ဆေးဖို့ နိုဝင်ဘာ ၂၅ ရက် မှာ ထောက်လှမ်းရေးဂြိုလ်တု ထိန်းချုပ်ရေးဗဟိုဆီ နောက်တခေါက် ထပ်သွားခဲ့တယ်လို့ မြောက်ကိုရီးယားနိုင်ငံပိုင်မီဒီယာက ပြောပါတယ်။
နိုဝင်ဘာ ၂၁ ရက်မှာ တောင်ကိုရီးယားနိုင်ငံ ဘူဆန်မြို့ ဆိပ်ကမ်းဆီ ရောက်လာတဲ့ အမေရိကန် လေယာဉ်တင်သင်္ဘော ကားလ်ဗင်ဆန်ရဲ့ ဓာတ်ပုံ တပုံကိုလည်း နိုင်ငံပိုင်မီဒီယာက ဖော်ပြခဲ့ ပါတယ်။
စနေနေ့ နှောင်းပိုင်းမှာ တောင်ကိုရီးယား နိုင်ငံခြားရေး ဝန်ကြီးနဲ့ သုံးနိုင်ငံတွေ့ဆုံပွဲအတွက် တရုတ်နဲ့ ဂျပန်နိုင်ငံတို့က နိုင်ငံခြားရေး၀န်ကြီးတွေ ဘူဆန်ကို လာချိန်မှာ ခုလို ဖော်ပြတာလည်း ဖြစ်ပါတယ်။
နျူကလီးယားလက်နက် ပိုင်ဆိုင်တဲ့ မြောက်ကိုရီးယားဟာ အင်္ဂါနေ့က ဂြိုဟ်တုကို လွှတ်တင်ခဲ့ပေမဲ့ ဂြိုလ်တုရဲ့ စွမ်းရည်တွေကို သီးခြားအတည်မပြုနိုင်သေးဘူးလို့ တောင်ကိုရီးယား ကာကွယ်ရေး အရာရှိတွေနဲ့ လေ့လာသုံးသပ်သူတွေက ပြောခဲ့ပါတယ်.
Source/Photo-Reuters