အီတလီနိုင်ငံ စစ္စလီကျွန်းအရှေ့ဘက် ကမ်းရိုးတန်းပေါ်က နှင်းဖုံးနေတဲ့ အတ်နာမီးတောင်ရဲ့ တောင်စောင်းတွေကနေ နိုဝင်ဘာ ၂၄ ရက်ကစပြီး ချော်ရည်ပူတွေ စီးဆင်းလာခဲ့ပါတယ်။
ဥရောပတိုက်ရဲ့ အမြင့်ဆုံးနဲ့ အလှုပ်ရှားဆုံး မီးတောင်ရဲ့ အရှေ့တောင်ဘက် မီးတောင်အူကြောင်းကနေ ဆင်းသက်လာတဲ့ ချော်ရည်တွေကို စစ္စလီကျွန်း မိုးကုပ်စက်ဝိုင်း ကောင်းကင်ယံက တောင်တန်းအနားသတ်မျဉ်းမှာ ထင်ထင်ရှားရှား တွေ့ရပါတယ်။
ဘူမိရူပနဲ့ မီးတောင်ဗေဒ အမျိုးသားတက္ကသိုလ်ရဲ့ အတ္တနာ မီးတောင်လေ့လာရေးဌာနက လေကြောင်း သတိပေးချက်ကို ထုတ်ပြန်ခဲ့တယ်လို့ အီတလီနိုင်ငံ အန်စာ သတင်းဌာနက ဖော်ပြပါတယ်။
ကာတာနီယာမှာရှိတဲ့ ဗင်စန်ဇို ဘယ်လ်လီနီ နိုင်ငံတကာ လေဆိပ်ကတော့ မီးတောင်လှုပ်ရှားမှုကြောင့် ထိခိုက်မှုမရှိဘဲ လေဆိပ်လုပ်ငန်းတွေ ဆက်လည်ပတ်နေတယ်လို့ ပြောကြားခဲ့ပါတယ်။
Source/Photo - Reuters