အိုင်ယာလန်နိုင်ငံ မြို့တော်ဒပ်ဘလင်က အိုကောနဲလ် လမ်းမမှာ ကလေးငယ်တွေနဲ့ လူကြီး အများအပြား ဒဏ်ရာ ရရှိသွားတဲ့ ကျောင်းဓားထိုးမှု ဖြစ်ပွားအပြီး ပေါ်ပေါက်လာတဲ့ အဓိကရုဏ်း ဒုတိယညမှာလည်း မငြိမ်မသက်ဖြစ်မှုတွေ ဆက်ရှိနေတာကြောင့် အိုင်ယာလန် ရဲတပ်ဖွဲ့မှ အမျိုးသားတွေကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။
မြို့တော်ဒပ်ဘလင်ရဲ့ မြို့လယ်ခေါင်မှာ ပတ်ဝန်းကျင်အခြေအနေက တင်းမာနေပြီး ရဲလုံခြုံရေးကို လည်း ထူထူထပ်ထပ် ချထားပါတယ်။
ကြာသပတေးနေ့က ဆူပူသူတွေဟာ ဆိုင်ပြတင်းပေါက်တွေကို ပစ်ခွဲပြီး ရဲကားတွေ၊ ဘတ်စ်ကား တွေနဲ့ ဓာတ်ရထားတွေကို မီးရှို့ကာ ရဲအရာရှိတွေနဲ့လည်း ထိပ်တိုက်ပဋိပက္ခ ဖြစ်ပွားခဲ့မှုတွေ လုပ်ဆောင်ခဲ့တာကြောင့် အိုင်ယာလန်နိုင်ငံ မြို့တော်မှာ တွေ့ရခဲတဲ့ အကြမ်းဖက်မှုတွေ ဖြစ်လာခဲ့ပြီးနောက်မှာ နောက်ထပ်လည်း အကြမ်းဖက်မှုတွေ ထပ်ဖြစ်လာနိုင်တယ်လို့ အိုင်ယာလန် ရဲတပ်ဖွဲ့က သတိပေးထားပါတယ်။
နိုဝင်ဘာ ၂၃ ရက်က ဓားထိုးမှုဖြစ်ပွားတဲ့နေရာကို ရွှေ့ပြောင်းနေထိုင်သူ ဆန့်ကျင်ရေး အုပ်စုငယ် တွေ ရောက်ရှိလာခဲ့ကြပြီး ရဲတွေနဲ့ ထိပ်တိုက်တွေ့ခဲ့ကြတာကြောင့် ရဲတပ်ဖွဲ့ဟာ အကြမ်းဖက်မှုကို စတင်ခဲ့တဲ့အတွက် လက်ယာစွန်းရောက် လှုံ့ဆော်သူတွေကို အပြစ်တင်ခဲ့ကြပါတယ်။
Source/Photo-Reuters