Home
အားကစား
အိုင်ယာလန်ဘက်ကို ဂိုးသွင်းပြီး အောင်ပွဲမခံခဲ့သည့်အပေါ် ဒက်ကလန်ရိုက်စ် ရှင်းလင်း
DVB
·
September 8, 2024
Photo - Reuters

အိုင်ယာလန်အသင်းဘက်ကို ဂိုးသွင်းပြီးနောက် အောင်ပွဲမခံခဲ့တဲ့အပေါ် ကွင်းလယ်လူ ဒက်ကလန်ရိုက်စ်က ရှင်းလင်းသွားပါတယ်။

ရိုက်စ်ဟာ အင်္ဂလန်က အိုင်ယာလန်ကို ၂ ဂိုး ဂိုးမရှိနဲ့ အနိုင်ရတဲ့ပွဲစဉ်မှာ ဦးဆောင်ဂိုးသွင်းယူနိုင်ခဲ့တာပါ။

ဂိုးသွင်းပြီးနောက် အောင်ပွဲခံခြင်းမရှိခဲ့တာက အိုင်းရစ်မိသားစုဝင်တွေ ရှိတာကြောင့်ဖြစ်ပြီး နောင်အနာဂတ်မှာလည်း အောင်ပွဲခံမှာမဟုတ်ကြောင်း ရိုက်ကပြောပါတယ်။

ဒက်ကလန်ရိုက်စ်ဟာ  အိုင်ယာလန်မိသားစုကနေ ပေါက်ဖွားလာသူဖြစ်ပြီး သက်တမ်းအလိုက် လူငယ်အသင်းတွေမှာ ၁၄ ပွဲကစားခဲ့သလို အိုင်ယာလန်အသင်းကြီးအတွက်လည်း ၃ ပွဲပါဝင်ကစားခဲ့သူပါ။

၂၀၁၈ ခုနှစ်ကမှ အင်္ဂလန်အသင်းကို ကိုယ်စားပြု ကစားခဲ့တာပါ။ အိုင်ယာလန်ဘက်ကို ဂိုးသွင်းပြီး အောင်ပွဲခံ မယ်ဆိုရင် အမျိုးတွေကို လေးစားမှု မရှိတဲ့လုပ်ရပ်ဖြစ်သွားမှာဖြစ်ကြောင်း၊ လက်ကျန်ပွဲစဉ်တွေကိုလည်း  အာရုံစူးစိုက်မှုအပြည့်နဲ့ ကစားခဲ့ကြောင်း ရိုက်စ်က ရှင်းလင်းသွားပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024