ဒိုင်တွေရဲ့ဆုံးဖြတ်ချက်တွေအပေါ် ဆက်ပြီးထောက်ပြသွားမှာဖြစ်ကြောင်း အာဆင်နယ်နည်းပြ အာတီတာက ပြောသွားပါတယ်။
နည်းပြအာတေတာဟာ နယူးကာဆယ်အသင်းကို ၁ ဂိုး ဂိုးမရှိ နဲ့ရှုံးနိမ့်ခဲ့တဲ့ပွဲစဉ်အပြီးမှာ VAR ဒိုင်လူကြီးတွေရဲ့ ဆုံးဖြတ်ချက်အပေါ် ရှက်စရာကောင်းတဲ့လုပ်ရပ်ဖြစ် ကြောင်း အပြင်းအထန် ဝေဖန်ခဲ့တာပါ။
အဲဒီမှတ်ချက်စကားအပေါ် ပြစ်ဒဏ်ချမှတ်ခံရဖို့ရှိသည့်တိုင် ဒိုင်တွေအပေါ် ဝေဖန်ထောက်ပြမှုတွေ ဆက်လက်ပြုလုပ်သွားမယ်လို့ နည်းပြအာတီတာက ပြောခဲ့တာပါ။
ခေါင်းဆောင်ကောင်းတစ်ဦးဖြစ်ဖို့ဆိုရင် အရှိကိုအရှိတိုင်း စစ်မှန်တဲ့အတိုင်းပြော ဆိုရဲရမှာဖြစ်ကြောင်း၊ ပိုကောင်းတဲ့ဘောလုံးပွဲတစ်ပွဲဖြစ်လာဖို့အတွက် လွတ်လပ်စွာပြောဆိုခွင့်ရှိ ဖို့ လည်းလိုအပ်ကြောင်း နည်းပြအာတီတာက ပြောသွားပါတယ်။
Photo - Reuters