ဂါဇာမြောက်ပိုင်း ဂျာဘာလီယာမြို့ရှိ ဒုက္ခသည်စခန်းမှာ လက်နက်တွေ၊ ဒုံးကျည်တွေ တွေ့ရှိခဲ့တယ်လို့ အစ္စရေးစစ်တပ်က နိုဝင်ဘာလ ၂၃ ရက်မှာ ဗီဒီယိုရုပ်သံနဲ့တကွ ထုတ်ပြန်ပါတယ်။
ဗီဒီယိုဖိုင်ထဲမှာ မြင်တွေ့ရတဲ့ အစ္စရေးတပ်မှူးတွေဟာ ဗလီတခုအတွင်းမှာ ဥမင်လှိုဏ်ခေါင်းတခုနဲ့ မြို့ပြဧရိယာအတွင်း အရွယ်အစား အမျိုးမျိုးရှိတဲ့ ဒုံးကျည်တွေကို တွေ့ရှိခဲ့ကြောင်း ပြောပါတယ်။
လူနေအိမ်တွေရဲ့ ဘေးမှာ ဒုံးကျည်တွေကို တွေ့ရှိရတာဖြစ်ပြီး အရပ်သားဧရိယာကနေ အစ္စရေး နိုင်ငံကို ဦးတည်ချိန်ရွယ်ထားတဲ့ တာဝေးပစ် ဒုံးကျည်တွေ၊ တာလတ်ပစ်ဒုံးကျည်တွေ မြင်တွေ့ရပါတယ်။
ဗလီဘေးလမ်းကနေဝင်လို့ရတဲ့ နေရာမှာလည်း အကြီးစား ဒုံးကျည် ၄ စင်းကို တွေ့ရှိရတာကြောင့် ဗလီတွေအတွင်းနဲ့ မြို့ပြဧရိယာအတွင်းမှာ အကြမ်းဖက်သမားတွေရဲ့ လှုပ်ရှားမှုတွေ ရှိနေကြောင်း ရှင်းရှင်းလင်းလင်း ပြသနေတာယ်လို့ နာဟဲလ်တပ်မဟာမှူး ယဲရ် ဇတ်ကာမန်က ပြောပါတယ်။
အစ္စရေးက ပြီးခဲ့တဲ့ရက် တိုက်ခိုက်မှုအတွင်း စစ်ရေးကွပ်ကဲမှု စင်တာတွေ၊ မြေအောက် အကြမ်းဖက် ဥမင်လိုဏ်ခေါင်းတွေ၊ လက်နက်သိုလှောင်ရုံတွေ၊ လက်နက်ထုတ်လုပ်တဲ့ နေရာတွေနဲ့ တင့်ကားဖျက်ဒုံးကျည် ပစ်လွှတ်တဲ့ စခန်းတွေကို ထိမှန်ခဲ့ကြောင်း ပြောထားပါတယ်။
Source/Photo-Reuters