အင်္ဂလန်ဒိုင်လူကြီး ၈၀ ရာခိုင်နှုန်း မကောင်းကြောင်း ဝေဖန်ခဲ့တဲ့ ဘရိုက်တန်နည်းပြ ဒီဇာဘီကို အင်္ဂလန်အက်ဖ်အေက ပြင်းထန်စွာသတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။
ဘရိုက်တန်အသင်းဟာ နိုဝင်ဘာ ၁၂ ရက်က ရှက်ဖီးယူနိုက်တက်နဲ့ ၁ ဂိုးစီ သရေကျခဲ့တဲ့ပွဲစဉ်မှာ တယောက် ထုတ်ပယ်ခံခဲ့ရပြီး ဒိုင်လူကြီးရဲ့ဆုံးဖြတ်ချက်ကို ကျေနပ်ခြင်း မရှိခဲ့တာပါ။
ပွဲအပြီးမှာတော့ အင်္ဂလန်ဒိုင်လူကြီး ၈၀ ရာခိုင်နှုန်းလောက်ရဲ့ ဆုံးဖြတ်ချက်တွေကို သဘောမကျ ကြောင်း နည်းပြ ဒီဇာဘီက ဝေဖန်ခဲ့တာပါ။
အဲဒီ မှတ်ချက်စကားအပေါ် အက်ဖ်အေက ဒဏ်ရိုက်တာမျိုး မလုပ်ခဲ့ပေမဲ့ နောက်နောင်မှာဆင်ခြင်ဖို့ လို အပ်ကြောင်း ဘရိုက်တန်အသင်းဆီကို စာရေးသားပြီး သတိပေးခဲ့ပါတယ်။
ဘရိုက်တန်ဟာ ပရီးမီးယား လိဂ်အဆင့်၈မှာရပ်တည်နေပြီး စနေနေ့မှာ နော်တင်ဟမ်ဖောရက်စ်နဲ့ ယှဉ်ပြိုင် သွားရမှာ ဖြစ်ပါတယ်။
Photo - Reuters