ဂါနာလွှတ်တော်ထဲမှာ မန်ယူနောက်ခံလူ မက်ဂွဲယားကို လှောင်ပြောင်ပြီး ဥပမာပေးခဲ့တဲ့အပေါ် ဂါနာ နိုင်ငံရေးသမား အိုင်ဆက်အဒန်ဂိုက ပြန်လည်တောင်းပန်သွားပါတယ်။
မနှစ်က ဂါနာလွှတ်တော်မှာ ဒုတိယသမ္မတဖြစ်သူ ဘောင်မီယာဟာ နိုင်ငံရေးမှာ ကိုယ့်ဂိုးကိုယ်သွင်းနေရတာကို ပျော်ရွှင်ကျေနပ်နေပြီး မန်ချက်စတာယူနိုက်တက်နောက်ခံလူ မက်ဂွဲယားလို အပြုအမူဖြစ်ကြောင်း လွှတ်တော်အမတ် အဒန်ဂိုက ဥပမာပေးကာ လှောင်ပြောင်ခဲ့တာပါ။
ပြီးခဲ့တဲ့ရက်ပိုင်းက လွှတ်တော်မှာတော့ ပြီးခဲ့တဲ့ တစ်နှစ်က ဒုသမ္မတကို မက်ဂွဲယားနဲ့ နှိုင်းယှဉ်ဥပမာပေးခဲ့မိတဲ့အပေါ် မက်ဂွဲယားကို တောင်းပန်ကြောင်း၊ မက်ဂွဲယားဟာ အခြေအနေတွေကို ပြုပြင်ပြောင်းလဲနိုင်ခဲ့တဲ့ ကစားသမားဖြစ်ကြောင်း လွှတ်တော်အမတ် အဒန်ဂိုက ပြောသွားပါတယ်။
မက်ဂွဲယားဟာ လက်ရှိအချိန်မှာ မန်ယူအသင်းရဲ့ အဓိက ကစားသမားဖြစ်လာပြီး နောက်ဆုံး ၈ ပွဲ ဆက်တိုက်ပွဲထွက်ခွင့် ပြန်လည်ရရှိခဲ့ပါတယ်။
Photo - Reuters