တိုက်စစ်မှူးဟာဗက်ဇ်ကို ဘယ်နောက်ခံလူနေရာမှာ ကစားခိုင်းတဲ့ ဂျာမန်နည်းပြ နာဂယ်စ်မန်းကို ဂျာမန်မီဒီယာတွေက ပရိသတ်တွေက ဝေဖန်နေကြပါတယ်။
ဂျာမနီအသင်းဟာ လာမယ့် ၂၀၂၄ ခုနှစ် ယူရိုပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံ ကျင်းပမှာဖြစ်ပေမဲ့ လက်ရှိ အသင်းရဲ့ စွမ်းဆောင်ရည်အပေါ် မီဒီယာတွေနဲ့ ပရိသတ်တွေက အားမလိုအားမရ ဖြစ်နေကြတာပါ။
ဂျာမနီအသင်းရဲ့ စီမံဆောင်ရွက်ပုံ အမှားတွေနဲ့ ကစာသမားတွေရဲ့ အားနည်းချက်တွေကို ထောက်ပြခဲ့ကြပြီး ဟာဗက်ဇ်ကို ဘယ်နောက် ခံလူနေရာမှာ ကစားစေတာက အလွန်စိတ်ပျက်စရာကောင်းတဲ့ ဆုံးဖြတ်ချက်ဖြစ်ကြောင်း ဝေဖန်ခဲ့ကြတာပါ။
ဟာဗက်ဇ်ဟာ ဂျာမနီအသင်းရဲ့ နောက်ဆုံးခြေစမ်းပွဲနှစ်ပွဲမှာ ဘယ်နောက်ခံလူနေရာမှာ ကစားခဲ့ပြီး ဂျာမနီအသင်းက တူရကီနဲ့ သြစတြီးယားအသင်းတွေကို ရှုံးနိမ့်ခဲ့ပါတယ်။
Photo - Reuters