ကြာအင်းဆိပ်ကြီး- မုဒုံ လမ်းပေါ်က ချောင်းနှစ်ခွကျေးရွာအတွင်းကို စစ်ကောင်စီတပ်က အင်းအားဖြည့် တင်းဖို့ကြိုး စားနေတယ်လို့ တပ်မဟာ ၆ စစ်ဗျူးဟာမှူးက ပြောပါတယ်။
မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ကြာအင်းဆိပ်ကြီး- မုဒုံ လမ်းပေါ်က ချောင်းနှစ်ခွတံတားနဲ့ ရဲစခန်းကို KNLA၊ KNDO ပူးပေါင်းတပ်ဖွဲ့တွေက ထိန်းချုပ်ထားပါတယ်။
စစ်ကောင်စီတပ်တွေရဲ့ လက်နက်ကြီးနဲ့ လေကြောင်းပစ်ခတ်မှုတွေ ကြောင့် ချောင်းနှစ်ခွ ကျေးရွာအတွင်းက ပြည်သူပိုင်နေအိမ် ၂၀ နီးပါး မီးလောင်ပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒေသခံပြည်သူတဦးက "အိမ်တွေက လက်နက်ကြီး ပစ်ခတ်မှုကော၊ လေကြောင်း ပစ်ခတ်မှုကြောင့်ကော ထိမှန်ပျက်စီးတာ ၂၀ နီးပါးရှိတယ်။ မီးလောင်ပျက်စီးတာကော" လို့ ပြောပါတယ်။
နှစ်ဖက်တိုက်ပွဲဖြစ်ပွားနေတဲ့ ချောင်းနှစ်ခွကျေးရွာအပါအဝင် တောင်ကလေး၊ မယ်တရို၊ ကဒါ၊ လှိုင်ကမိန်၊ သရက်ကုန်း စတဲ့ကျေးရွာက ထောင်နဲ့ချီတဲ့ ဒေသခံပြည်သူတွေဟာ ဒီကနေ့အထိ ဘေးလွတ်ရာ ထွက်ပြေးတိမ်းရှောင်နေရပါတယ်။
စစ်ဘေးရှောင်တွေကို ရပ်ရွာတာဝန်ရှိသူတွေက နယ်မြေမတည်ငြိမ်သေးတဲ့အတွက် ပေးမပြန်သေးဘူးလို့ တိမ်းရှောင်နေရတဲ့ ဒေသခံတယောက်က ပြောပါတယ်။
နိုဝင်ဘာ ၂၀ ရက်နေ့ကလည်း အင်အားဖြည့်တင်းဖို့ ကြိုးစားလာတဲ့ စစ်ကောင်စီတပ်ဖွဲ့တွေ ကြားဖြတ်တိုက်ခိုက်ခံခဲ့ရာ တိုက်ခိုက်မှုအပြီး လက်နက်ခဲယမ်းတွေ ထပ်မံသိမ်း ဆည်းရမိခဲ့တယ်လို့ Lion Battalion Commando ဗျူဟာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။
နိုဝင်ဘာ ၁၀ ရက်နေ့ကစတင်ပြီး ဖြစ်ပွားခဲ့တဲ့တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဘက်က အရာရှိအပါအဝင် ၃၇ ယောက် အရှင်ဖမ်းဆီးရမိပြီး ၂၀ ကျော်သေဆုံးကာ အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့ပါတယ်။
ဒါအပြင် လက်နက်ကြီး လက်နက်ငယ်မျိုးစုံ အလက် ၅၀ ကျော်၊ ခဲယမ်းအများအပြားနဲ့ ဆက်စပ်ပစ္စည်းတွေသိမ်းဆည်းရမိခဲ့သလို ပူးပေါင်းတပ်ဖွဲ့ဘက်က ၃ ယောက်ကျဆုံးပြီး ၈ ယောက်ဒဏ်ရာရှိခဲ့တယ်လို့ တပ်မဟာ ၆ စစ်ဗျူဟာမှူးက ပြောပါတယ်။