လက်ဘနွန်နိုင်ငံ အခြေစိုက် လက်နက်ကိုင်အဖွဲ့ ဟစ်ဇ်ဘိုလာက နိုဝင်ဘာ ၁၉ ရက်နဲ့ ၂၀ ရက် တို့မှာ လက်ဘနွန် နယ်စပ်က အစ္စရေးစစ်တပ်စခန်းတွေအား တိုက်ခိုက်တဲ့ ဗွီဒီယိုတခု ထုတ်ပြန်ပြသခဲ့ပြီး ရိုက်ကူးတဲ့နေရာ နဲ့ ရက်စွဲကိုတော့ သီးခြားအတည်မပြုနိုင်သေးပါဘူး။
ဟစ်ဇ်ဘိုလာရဲ့ ပါလက်စတိုင်းမဟာမိတ် ဟားမတ်စ်က အောက်တိုဘာ ၇ ရက်က အစ္စရေးကို တိုက်ခိုက်ခဲ့လို့ အစ္စရေးက ဂါဇာကမ်းမြှောင်ကို လက်စားချေဖို့ စတင်တိုက်ခိုက်ပြီးတဲ့နောက် အစ္စရေးနဲ့ အီရန် ကျောထောက်နောက်ခံပြု ဟစ်ဇ်ဘိုလာတို့ကြား တိုက်ပွဲတွေ ဖြစ်ခဲ့တာပါ။
အစ္စရေး-လက်ဘနွန်နယ်စပ်မှာ အကြမ်းဖက်မှုတွေ အရှိန်မြင့်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ စစ်ပွဲတွေ ကျယ်ပြန့်လာမှာကို အနောက်နိုင်ငံတွေက ပိုတိုးစိုးရိမ်လာနေပါတယ်။
အစ္စရေးနဲ့ ဟစ်ဇ်ဘိုလာတို့ဟာ ၂၀၀၆ ခုနှစ် စစ်ပွဲနောက်ပိုင်း အခုတကြိမ်ဟာ နယ်စပ်မှာ အဆိုးရွားဆုံး တိုက်ပွဲဖြစ်ပွားနေတာပါ။ အခုအချိန်အထိ ဟစ်ဇ်ဘိုလာ တိုက်ခိုက်ရေးသမား ၇၀ ကျော်၊ လက်ဘနွန် အရပ်သား ၁၃ ဦး၊ အစ္စရေးတပ်ဖွဲ့ဝင် ၇ ဦးနဲ့ အစ္စရေး အရပ်သား ၃ ဦး သေဆုံးခဲ့ပြီလို့ သိရပါတယ်။
Source/Photo - Reuters