Home
နိုင်ငံတကာ
မက္ကဆီကို၌ သော့ပိတ်ထားသည့် နောက်တွဲယာဉ်တခုအတွင်း ရွှေ့ပြောင်းနေထိုင်သူ ၂၁၅ ဦး တွေ့ရှိ
DVB
·
November 22, 2023
Over 200 migrants found in a trailer in Mexico

မက္ကဆီကိုနိုင်ငံတောင်ပိုင်း ဗီရာခရုဇ်ပြည်နယ်မှာ နိုဝင်ဘာ ၂၁ ရက်က သော့ပိတ်ထားတဲ့ နောက်တွဲယာဉ်တခုအတွင်း အရွယ်မရောက်သေးသူတွေ အပါအဝင် ရွှေ့ပြောင်းနေထိုင်သူ ၂၁၅ ဦးကို အာဏာပိုင်တွေဟာ တွေ့ရှိခဲ့ပါတယ်။ 

အမျိုးသားအစောင့်တပ်နဲ့ ကာကွယ်ရေးဝန်ကြီးဌာနရဲ့ ပံ့ပိုးကူညီမှုနဲ့အတူ မက္ကဆီကို ရွှေ့ပြောင်းနေထိုင်ရေး အဖွဲ့အစည်းမှ တာဝန်ရှိသူတွေဟာ လမ်းပေါ်မှာ ကားတစီးကို လိုက်လံဖမ်းဆီးခဲ့ပြီးနောက်မှာ နောက်တွဲထရပ်ကားရဲ့ နောက်ပိုင်းမှာ စုပြုံကျပ်ညပ်နေတဲ့ နိုင်ငံခြားသားတွေကို တွေ့ရှိခဲ့တာဖြစ်ပြီး ယာဉ်မောင်းကတော့ ကားကို စွန့်ပစ်ခဲ့ပြီး ထွက်ပြေးသွားပါတယ်။ 

ထိန်းသိမ်းခံရတဲ့ ရွှေ့ပြောင်းနေထိုင်သူတွေကတော့ အယ်လ်ဆာဗေဒို၊ ဟွန်ဒူးရပ်စ်နဲ့ ဂွါတီမာလာတို့မှဖြစ်ပြီး အရွယ်မရောက်သေးသူ  ၂၆ ဦးလည်း ပါဝင်ပါတယ်။ 

ရွှေ့ပြောင်းသူတွေကို အာကာယူကန်မြို့ရှိ ရွှေ့ပြောင်းနေထိုင်ရေးစခန်းကို ခေါ်ဆောင်ကာ ကျန်းမာရေးစစ်ဆေးမှုတွေ ခံယူစေပြီး ရေနဲ့အစားအသောက်တွေ ကျွေးမွေးခဲ့တယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။ 

Source/Photo - Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024