Home
မြန်မာသတင်း
ရွှေဈေး၊ ဒေါ်လာဈေး အတက်အကျများနေ
DVB
·
November 21, 2023
Dollar-Gold-1

ပြည်တွင်းရွှေဈေးဟာ ပြီးခဲ့တဲ့  အောက်တိုဘာလဆန်းပိုင်းအတွင်းက တစ်ကျပ်သားကို ကျပ် ၃၄၅၀၀၀၀ ဝန်းကျင်မှာ တည်ငြိမ်နေခဲ့ပေမယ့် အောက်တိုဘာလကုန်ပိုင်းကစပြီး ဈေးကွက်မှာ ဈေးနှုန်းအတက်အကျ မတည်မငြိမ်တွေ ဖြစ်ပေါ်လာတာပါ။

ရန်ကုန်မြို့က ဝါရင့်ရွှေလုပ်ငန်းရှင်တယောက်က “ ဈေးတွေကတော့ မငြိမ်ဘူး။  နယ်စပ်တိုက်ပွဲတွေ ဖြစ်ကတည်းက  တက်လိုက်၊ ကျလိုက် ဖြစ်နေတာ။ အရောင်းအဝယ်က ပါးတယ်။ ဈေးကွက်က‌တော့  မှန်းရ တော်တော်ခက်ပါတယ်"လို့ ပြောပါတယ်။

ကမ္ဘာ့ရွှေဈေးကတော့ ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ တအောင်စ ၁၉၉၁ ဒေါ်လာထိ မြင့်တက်လာပြီး  ပြီးခဲ့တဲ့ ရက်ပိုင်းက   ကမ္ဘာ့ရွှေဈေးဟာ တအောင်စကို ၁၉၈ဝ  ဒေါ်လာ ဝန်းကျင်သာ ရှိခဲ့တာ ဖြစ်ပါတယ်။

တစ်ဖက်မှာလည်း အမေရိကန်ဒေါ်လာဈေးက   နိုဝင်ဘာလ ၁၈ရက်နေ့မှာ တစ်ဒေါ်လာကို ကျပ် ၃၅၀၀ အထက်ထိ ရောက်ရှိခဲ့ပြီး ဒီကနေ့ နိုဝင်ဘာ ၂၁ ရက်မှာ‌တော့ တဒေါ်လာ ၃၄၆၅ ကျပ်ဝန်းကျင်ကို ဈေး ပြန်ကျဆင်းလာပါတယ်။

နိုဝင်ဘာ ၁၆ ရက်ကတော့ ပြည်တွင်းရွှေဈေး တည်ငြိမ်မှုမရှိ ဖြစ်နေတာနဲ့ ပတ်သက်ပြီး ရွှေစျေးဖွင့်သူ၊ ရွှေကို စျေးဆွဲတင်၊ ဆွဲချပြုလုပ်ပြီး ကစားသူ၊ လမ်းကြောင်းလုပ်သူတွေကို ထိရောက်စွာ ဖေါ်ထုတ် အရေးယူသွားမယ်လို့ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ကြေညာခဲ့ပါတယ်။

ကောလာဟာလတွေ ထုတ်လွှင့်ပြီး ရွှေဈေးနှုန်း မြင့်တက်လာအောင်လုပ်သူတွေနဲ့ ရွှေရောင်းချရာမှာ Facebook နဲ့ Viber အသုံးပြုပြီး အရောင်းအဝယ်လုပ်တွေကို ထိရောက်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ခဲ့ပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024